SJ WorldNews - шаблон joomla Авто

သမိုင်းဘူတာရုံ ပလက်ဖောင်းနှင့် သံလမ်းပေါ်၌ ဈေးရောင်းချနေသူများကို ဆိုင်ခန်းများ ဆောက်လုပ်နေရာ ချထားပေးရန် စီစဉ်

Thursday, 12 October 2017 13:49 font size decrease font size decrease font size increase font size increase font size

ခရီးသွားပြည်သူများ အန္တရာယ် ကင်းရှင်းစွာ ရထားစီးနင်းနိုင်စေရန် ရထားလမ်းအနီး ဝန်းကျင်၌ ဈေးရောင်းချနေသည့် သမိုင်းဘူတာမှ ဈေးသည်များကိုဖယ်ရှားပြီး ဘူတာနှင့် ကင်းလွတ်ရာ ဘူတာအနီး မြန်မာ့မီးရထားပိုင် မြေနေရာ၌ ဆိုင်ခန်းများ ဆောက်လုပ်နေရာ ချထားပေးရန် ယခုလအတွင်း ဆောင် ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထား တိုင်း(၇) ပို့ဆောင်ရေးမန်နေဂျာ ဦးဇော်လွင်ထံမှ သိရသည်။

လက်ရှိတွင် မြေညှိခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပြီး ဘူတာပလက်ဖောင်းပေါ်နှင့် သံလမ်းများအနီး၌ ဈေးရောင်းချနေသူများအတွက် ငါးပေပတ်လည်ဆိုင်ခန်းများ ဆောက်လုပ်ပေးရန် စီစဉ်ထားသည်။ ''ကျွန်တော်တို့က ငါးပေပတ်လည်ဆိုင်ခန်းတွေ ဆောက်လုပ်ပေးမှာပါ။ ဈေးရောင်းတဲ့ သူတွေက ရထားလမ်းပေါ်တက်ရောင်းတော့ အန္တ ရာယ်လည်းများတယ်။ တချို့ဆို သံလမ်းပေါ်ထိုင်ပြီး ရောင်းနေကြတယ်။ ဒါကြောင့် မြန်မာ့မီးရထားက အကုန်အကျ ခံပြီး ရွှေ့ပေးတာပါ'' ဟု ဦးဇော်လွင်ကပြောသည်။ သမိုင်းဘူတာရုံ ပလက်ဖောင်းနှင့် သံလမ်းပေါ်၌ ဈေးရောင်းချနေ သူများကြောင့် မြို့ ပတ်ရထားများ ခုတ်မောင်းရာတွင် အနှောင့်အယှက် ဖြစ်သည့်အပြင် ဈေးရောင်းသူများနှင့် ဈေးဝယ် သူများအတွက်လည်း အန္တရာယ်ရှိသဖြင့် မြန်မာ့မီးရထားမှ အကုန်အကျခံပြီး ရထားမြေပေါ်၌ ဆိုင်ခန်းပေါင်း ၃ဝဝ ကျော်ကို တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ ဆိုင်ခန်းများ ဆောက်လုပ်ပြီးစီးပါက ဈေး သည်အားလုံးကို ဆိုင်ခန်းပေါ် သို့ ပြောင်းရွှေ့ပေးမည်ဖြစ်ကာ ဘူတာပလက်ဖောင်းပေါ်၌ ဈေးရောင်းချခွင့် မပြုတော့ကြောင်း သိရသည်။

Read 8 times Last modified on Thursday, 12 October 2017 14:33