SJ WorldNews - шаблон joomla Авто

နောက်ဖေးလမ်းကြားရှိ ကျူးကျော် အဖီ အဆွယ် အမိုးအကာများနှင့် အမှိုက် ရှင်းလင်းခြင်း ဆောင်ရွက်

Thursday, 12 October 2017 14:29 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ်အတွင်း နောက်ဖေးလမ်းကြားများရှိ ကျူးကျော်အဖီအဆွယ်၊ အမိုးအကာ များနှင့် အမှိုက်ရှင်းလင်းခြင်း လုပ်ငန်းများကို လမ်းပေါင်း ၁၃၈ ခု၌ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့နယ်သန့်ရှင်းရေး တာဝန်ခံ ဦးဝင်းနီထံမှ သိရသည်။

အဆိုပါ လုပ်ငန်းစဉ်များကို စမ်းချောင်းမြို့နယ် သန့်ရှင်းရေးဌာန၊ စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (အဆောက်အအုံ)၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းရေး)နှင့် ပန်းဥယျာဉ်ဌာနတို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။ နောက်ဖေးလမ်းကြားများအတွင်း ချုံနွယ်များခုတ်ထွင် ရှင်းလင်းခြင်း၊ ကျူးကျော်အဖီအဆွယ်များနှင့် အမိုးအကာများ ရှင်းလင်းခြင်းကို ရန်ကုန်တိုင်း ဒေသကြီး စမ်းချောင်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသော်တာအောင်၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှူး အပါအဝင် တာဝန်ရှိသူများက စက်တင်ဘာလ အတွင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်သူများအနေဖြင့် နောက်ဖေးလမ်းကြားများ အတွင်းသို့ စည်းကမ်းမဲ့ အမှိုက်ထုပ်များစွန့်ပစ်ခြင်း၊ လမ်းများ ကိုညစ်ညမ်းစေသည့် အပြုအမူများ မပြုလုပ်ခြင်းဖြင့် ပူးပေါင်းပါဝင်ကူညီကြရန် လိုအပ်ကြောင်း၊ ရှင်းလင်းဆောင်ရွက် မှုများပြုလုပ်ပြီးပါက သတ်မှတ်စည်းကမ်းချက်များနှင့် ညီညွတ်မှု မရှိသော လုပ်ရပ်များ ဆက်လက်ရှိနေပါက ထိရောက် သောအရေးယူမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

Read 7 times Last modified on Thursday, 12 October 2017 14:32