SJ WorldNews - шаблон joomla Авто

မြန်မာနိုင်ငံမှ စင်္ကာပူနိုင်ငံသို့ သွားရောက် လည်ပတ်သူ ပိုမို များပြားလာ

Wednesday, 13 September 2017 14:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   စက်တင်ဘာ  ၁၂

ယခုနှစ်တွင် မြန်မာနိုင်ငံမှ စကာင်္ပူနိုင်ငံသို့ သွားရောက် လည်ပတ်ကြသော ခရီးသွားဦးရေသည် ပြီးခဲ့သည့် နှစ်ကထက် ပိုမိုများပြားလာပြီး ဇန်နဝါရီ လဆန်းမှ သြဂုတ်လကုန်အထိ ကာလတူချင်း နှိုင်းယှဉ်ပါက ၂၈ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း သိရသည်။

ထို့ပြင် စကာင်္ပူနိုင်ငံသို့ သွားရောက်သည့် ခရီးသွားဧည့်သည်များထဲတွင် မြန်မာခရီးသွားများသည် တတိယအများဆုံး ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံနှင့် ဗီဇာကင်းလွတ်ခွင့် အပြန်အလှန် သဘောတူထားသော အာဆီယံနိုင်ငံများမှာ ဗီယက်နမ်၊လာအို၊ဘရူနိုင်း၊ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် စင်ကာပူ နိုင်ငံတို့ဖြစ်ကြပြီး မလေးရှား နိုင်ငံနှင့်သာ သဘောတူ လက်မှတ် ရေးထိုးရန် ကျန်ရှိတော့သည့်အတွက် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ကြား သဘောတူ လက်မှတ် ရေးထိုးပြီးပါက မြန်မာနိုင်ငံသားများသည် အာဆီယံဒေသတွင်း မည်သည့်နိုင်ငံကို မဆို သွားရောက်လိုပါက ဗီဇာကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

ဗီဇာကင်းလွတ်ခွင့် ပြုထားပြီးဖြစ်သော်လည်း မိမိတို့ သွားရောက်မည့် နိုင်ငံများရှိ လူဝင်မှုကြီးကြပ်ရေးမှ တာဝန်ရှိသူများ အနေဖြင့် လိုအပ်ပါက အထောက်အထားများ မေးမြန်းတောင်းဆို လာနိုင်သည့်အတွက်  ကြိုတင်ပြင်ဆင် ဆောင်ရွက်  ထားသင့်ကြောင်း၊ ထိုကဲ့သို့ အချက်အလက်များ ကြိုတင်ပြင်ဆင်နိုင်စေရန် သွားရောက်မည့်နိုင်ငံနှင့် ပတ်သက်သော အချက်အလက်များကို အင်တာနက်တွင် ကြိုတင်လေ့လာနိုင်ပြီး လိုအပ်ပါက ခရီးသွား လုပ်ငန်းများနှင့် သံရုံးများ၏ အကူအညီကို ရယူသင့်ကြောင်း ခရီးသွား အေဂျင်စီများက အကြံပြုထားသည်။

ယခုအခါ အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် ရရှိထားပြီး ဖြစ်သော်လည်း  တောင်ကိုရီးယား၊ဂျပန် စသည့် အာရှနိုင်ငံများသို့ သွားရောက်လိုပါက မြန်မာနိုင်ငံသားများ အနေဖြင့် ဗီဇာရရှိရန် အခက်အခဲများ ရှိနေသေးသည့် အတွက် ဖြေလျော့မှုများ ရရှိစေရန် သက်ဆိုင်ရာ တာဝန်ရှိသူများ ညှိ့နှိုင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြည်ပခရီးသွား လုပ်ငန်းရှင်များက ပြောသည်။

Read 26 times Last modified on Wednesday, 13 September 2017 14:22