SJ WorldNews - шаблон joomla Авто

ဝေသော် ကျေးရွာရှိ မိုင်းဝန်း ချောင်းကူး တံတား ဆောက်လုပ် ပြီးစီး

Wednesday, 13 September 2017 12:18 font size decrease font size decrease font size increase font size increase font size

ကျွန်းလှ စက်တင်ဘာ  ၁၂

စစ်ကိုင်းတိုင်း ဒေသကြီး ကျွန်းလှမြို့နယ် နောင်ကောက် ကျေးရွာအုပ်စု ဝေသော်ကျေးရွာ၌ ယခုအခါ ကိုယ်ထူကိုယ် ထချောင်းကူးတံတား ဆောက်လုပ်ပြီးစီး၍ သွားလာရေး အဆင်ပြေကြောင်း သိရသည်။

ကျွန်းလှမြို့နယ် ဝေသော်ကျေးရွာအဝင်တွင် မိုင်းဝန်းချောင်းရှိခြင်းကြောင့် မိုးရာသီ ချောင်းရေတိုးချိန် ရေစီးသန်၍ သွားလာရေး ခက်ခဲပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် ကုန်သွယ်ရေး လုပ်ငန်းများ ပြတ်တောက်ခဲ့ကြောင်း၊ ကျေးရွာနေ ပြည်သူများ သွားလာရေး အဆင်ပြေစေရန် ကိုယ်ထူကိုယ်ထ ချောင်းကူးတံတား တည်ဆောက်ခြင်းဖြစ်ကြောင်း ရာအိမ်မှူး ဦးသိန်းကြိုင်က ပြောသည်။ အဆိုပါ ချောင်းကူးတံတားကို ကျောင်းထိုင် ဆရာတော် ဦးစန္ဒိမာ ဦး ဆောင်ပြီး ကျေးရွာသူ ကျေးရွာသားများ စုပေါင်း၍ အရှည်ပေ ၃၁ဝ၊ အကျယ် ၁၂ ပေ၊  အမြင့် ၁၂ ပေ သစ်သား တံ တားကို  ငွေကျပ် ၇၈ သိန်းခန့် ကုန်ကျခံ တည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။

Read 11 times Last modified on Wednesday, 13 September 2017 14:22