SJ WorldNews - шаблон joomla Авто

ရော်ဘာ ပျိုးခင်း စိုက်ပျိုး ထိန်းသိမ်းခြင်း ဆိုင်ရာ သင်တန်း ဖွင့်လှစ်

Wednesday, 13 September 2017 12:16 font size decrease font size decrease font size increase font size increase font size

သထုံ စက်တင်ဘာ  ၁၂

မွန်ပြည်နယ် သထုံမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနက ဒေသတွင်းရှိ ရော်ဘာစိုက် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများရရှိပြီး လိုက်နာကျင့်သုံးနိုင်ရန်အတွက် ဒူးရင်းဆိပ် ကျေးရွာအုပ်စု ကြာပန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ရော်ဘာပျိုးခင်း စိုက်ပျိုးထိန်းသိမ်းခြင်း သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက စတင်ကာ ဖွင့်လှစ်ပေး လျက်ရှိကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် သထုံမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ရော်ဘာစိုက် တောင်သူများ အနေဖြင့် လက်ရှိအ ချိန်၌ လုပ်သားရှားပါးမှု ပြဿနာကို အဓိက ရင်ဆိုင်နေရပြီး တစ်ပိုင်တစ်နိုင် စိုက်သည့် ခြံငယ်အများစုမှာ ခြံရှင်များ ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်လာကြသောကြောင့် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထိန်းသိမ်းနိုင်မှသာ အရည်အသွေး ကောင်းပြီး ဝင်ငွေတိုးတက် လာမည်ဖြစ်ကြောင်း ပြောသည်။

သထုံမြို့နယ်တွင် ရော်ဘာစိုက်ဧကပေါင်း ၅ဝဝဝဝ ကျော်ခန့်ရှိပြီး ယင်းတို့အနက် ဧက ၃ဝဝဝဝ ခန့် အစေးထုတ်လုပ် လျက်ရှိရာ နှစ်စဉ် ရော်ဘာပေါင်ချိန် သိန်း ၇ဝ ခန့် ပျမ်းမျှ ထုတ်လုပ်လျက်ရှိကြောင်း မြို့နယ် ရော်ဘာစိုက်ပျိုး ထုတ် လုပ်သူများ အသင်းမှ သိရသည်။ အဆိုပါသင်တန်းကို စက်တင်ဘာ ၁၁ ရက်မှစတင်ကာ ငါးရက်ကြာ ဖွင့်လှစ်သွား မည်ဖြစ်ပြီး ဒူးရင်းဆိပ်ကျေးရွာ အုပ်စုအတွင်းရှိ ရော်ဘာစိုက်တောင်သူ ၃ဝ ဦးခန့်တက် ရောက်ကြကြောင်း၊ ယခုနှစ် အတွင်း သထုံမြို့နယ်တွင် သင်တန်းငါးကြိမ်ခန့် ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

Read 31 times Last modified on Wednesday, 13 September 2017 12:16