SJ WorldNews - шаблон joomla Авто

ပဲခူးတိုင်းဒေသကြီး အတွင်းရှိ ရေသန့် လုပ်ငန်းများကို စစ်ဆေးမှု ပြုလုပ်မည်

Wednesday, 13 September 2017 12:12 font size decrease font size decrease font size increase font size increase font size

ပဲခူး စက်တင်ဘာ  ၁၂

ပဲခူးတိုင်းဒေသကြီး အတွင်းမှ ရေသန့်လုပ်ငန်းများအား စစ်ဆေးခြင်းများကို မြို့နယ်အဆင့် ဌာနများနှင့် ချိတ်ဆက်၍ စက်တင်ဘာလမှ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီးအတွင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသည့် ရေ သန့်လုပ်ငန်းရှင် ပဲခူးခရိုင်အတွင်း  ၃ဝ ကျော်နှင့် တောင်ငူ၊ ပြည်၊ သာယာဝတီခရိုင်တို့တွင် ၂ဝ ရှိပြီး လျှောက်ထားဆဲ ရေသန့်လုပ်ငန်းရှင်များလည်း ရှိကြောင်းသိရသည်။''ကျွန်မတို့ဌာနကို တရားဝင် လျှောက်ထားတဲ့ ရေသန့်စက်ရုံတွေ ကို လိုက်လံစစ်ဆေးနေပါတယ်။ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ညီညွတ်မှုရှိ၊ မရှိ၊ မြို့နယ်တွေမှာလည်း အချို့ရေသန့်စက်ရုံသစ်တွေနဲ့ ပတ်သက်ပြီး တရားမဝင်ထုတ်လုပ်တာတွေ့ရင် အကြောင်းကြားပေးဖို့နဲ့ သွားရောက် စစ်ဆေးဖို့ မြို့နယ်အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနကို ပြောထားပါတယ်။ နောက်ပိုင်း ရေသန့်လုပ် ငန်းရှင်တွေက လျှောက်ထားတာတွေလည်း ရှိပါတယ်''ဟု ပဲခူးတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲ ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနီနီအေးက ပြောသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်အများစုရှိ ရေသန့်လုပ်ငန်းများမှာ စက်ရုံသီးသန့်ထားရှိခြင်းမျိုး မဟုတ်ဘဲ ကိုယ့် နည်းကိုယ့်ဟန်ဖြင့် ရေသန့်ထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပြီး အများစုမှာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်နေသူ များပြားနေကြောင်း ဒေသခံများ ထံမှ သိရသည်။

Read 27 times Last modified on Wednesday, 13 September 2017 12:13