SJ WorldNews - шаблон joomla Авто

ပျဉ်းမနားမြို့နယ် တောင်ပေါ် ကျေးရွာများရှိ အရန်မီးသတ် တပ်ဖွဲ့ဝင်များကို လေ့ကျင့်ရေး မွမ်းမံ သင်တန်းဖွင့်

Wednesday, 13 September 2017 11:56 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   စက်တင်ဘာ ၁၂

နေပြည်တော် ကောင်စီနယ်မြေ ဒက္ခိဏခရိုင် ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ တောင်ပေါ်ကျေးရွာများ အတွင်းရှိ  အရန်မီးသတ် တပ်ဖွဲ့ဝင်များကို လေ့ကျင့်ရေးမွမ်းမံ သင်တန်းအမှတ်စဉ်(၁/၂ဝ၁၇)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံ နက် ၁၁ နာရီက မဲပေါက်ကျေးရွာအုပ်စု ဂမုန်းတောင်ကျေးရွာ ဓမ္မာရုံ၌ ကျင်းပသည်။

အခမ်းအနားတွင် ပျဉ်းမနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိုက်ဝေဖြိုးက အမှာစကား ပြောကြားပြီး နေပြည်တော်မီးသတ် ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးလှိုင်က သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်များနှင့် သင်တန်းစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းတက်ေ ရာက်သည့် အရန်မီးသတ် တပ်ဖွဲ့ဝင်များအ တွက် တူညီဝတ်စုံများကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒက္ခိဏခရိုင် မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးသန့်ဇင်က ပေးအပ်ရာ သင်တန်းသား ခေါင်းဆောင်တစ်ဦးက လက်ခံရယူသည်။

အဆိုပါ သင်တန်းတွင် မဲပေါက်ကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာခွဲလေးရွာမှ အရန်မီးသတ် တပ်ဖွဲ့ဝင် ၅ဝ ဦးတက် ရောက်လျက်ရှိပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၆  ရက်အထိဖြစ်ကြောင်း သိရသည်။

Read 4 times Last modified on Wednesday, 13 September 2017 11:58