SJ WorldNews - шаблон joomla Авто

ရေကြီးနစ်မြုပ်သည့် ပြောင်းစိုက်ဧက ၈ဝဝ ခန့်အတွက် ပြောင်းမျိုးစေ့ ကူညီမည်

Saturday, 11 August 2018 13:59 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ်  ၁ဝ

ပြည်နယ်သုံးခု၌ ရေကြီးနစ်မြုပ်မှုကြောင့်  ဆုံးရှုံးသွားသည့်    ပြောင်းစိုက်ခင်းဧက ၈ဝဝ ခန့်အတွက်  ပြောင်းမျိုး စေ့များကို  မြန်မာ နိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများအသင်းမှ ကူညီမည်ဖြစ်ကြောင်း   အဆိုပါအသင်း ဥက္ကဋ္ဌ     ဦးမင်းခိုင်ထံမှ သိရသည်။

ထိုသို့ပြောင်းမျိုးစေ့ပေးအပ်ရာတွင် ကရင် ပြည်နယ်  မြဝတီမြို့နယ်ရှိ ပြောင်းစိုက် ဧက ၃ဝဝ အတွက် လည်းကောင်း၊  မွန်ပြည်နယ်  ဘီးလင်းမြို့နယ်နှင့်  စစ်တောင်းမြစ်ဝှမ်းဒေသရှိ ပြောင်းစိုက်ဧက၂၈ဝ အတွက်လည်းကောင်း၊  ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်ရှိ  ပြောင်းစိုက်ဧက ၂ဝဝ  အတွက်လည်း ကောင်း  ကူညီပေးမည်ဖြစ်သည်။

''အဓိကက အသင်းဝင်တောင်သူတွေကို  ပံ့ပိုးပေးပြီး ပိုနေတဲ့ပြောင်းတွေကို  အသင်းဝင် မဟုတ်တဲ့နေရာတွေကို နိုင်သလောက် ပံ့ပိုး ပေးမှာပါ။ မွန်ပြည်နယ်ကတော့ အချက်အလက်အတိအကျ မသိရသေးဘူး''   ဟု  ဦးမင်းခိုင် က ပြောသည်။

လတ်တလောတွင် ရရှိထားသည့်အချက်အလက်များအရ  ကရင်ပြည်နယ်၌   ပြောင်း စိုက်ဧက  ၁ဝဝဝ  ကျော်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၌  ပြောင်းစိုက်ဧက ၇ဝဝ ကျော် ခန့်နစ်မြုပ်ခဲ့သဖြင့်  မျိုးစေ့လိုအပ်ချက်များ ရှိနိုင် ကြောင်း သိရသည်။

''ဆုံးရှုံးသွားတဲ့ တောင်သူတွေကို ဒီအတိုင်း ပစ်ထားရင်  အကြွေးတွေပဲ ထပ်တင်ပြီး သူတို့ ဘဝက နစ်မွန်း သွားမှာပါ။ ဒါကြောင့်  အစိုးရ အနေနဲ့  တောင်သူတွေရဲ့မိတ်ဖက်ဖြစ်တဲ့ ဓာတ်မြေသြဇာ ကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး 

ထိုက်သင့်တာကို  ပြန်လည်ဖြည့်ဆည်းပေးမယ်'' ဟု ဦးမင်းခိုင်ကပြောသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း  ဝန်ကြီးဌာနအနေဖြင့်   မျိုးစပါးမှလွဲ၍ တခြားမျိုးများ ပေးအပ်ရန်    အခက် အခဲရှိ နေသဖြင့် သွင်းအားစုများအပါအဝင် လယ်ယာများ ပြန်လည်ထွန်ယက်နိုင်ရန်  စက်အင်အား၊ လူအင်အားများဖြင့်  ကူညီပေးမည်ဖြစ်ကြောင်း သိရသည်။                       

နေနေ

Read 13 times Last modified on Saturday, 11 August 2018 14:01