SJ WorldNews - шаблон joomla Авто

လူမှုဖူလုံရေးဥပဒေနှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

Saturday, 11 August 2018 11:38 font size decrease font size decrease font size increase font size increase font size

ပဲခူး  သြဂုတ်  ၁ဝ

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ဥဿာမြို့သစ် (၆)ရပ်ကွက် သမိန်ဗရမ်းလမ်းရှိ ပဲခူးတိုင်းဒေသကြီးလူမှုဖူလုံရေးရုံး၌ ယနေ့ နံနက် ၁ဝ  နာရီတွင် ၂ဝ၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေ နှင့်အညီ ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ် ပေးခြင်းအခမ်းအနား ကျင်းပသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးညွန့်ရွှေက အဖွင့်အမှာစကား ပြောကြားပြီး  ပဲခူးတိုင်း ဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံ ဒေါ်ကေသီခိုင်က လူမှုဖူလုံရေးနှင့် ပတ်သက်သည့် အကျိုးခံစားခွင့် အကြောင်း အရာများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ရွှေတောင်မြို့နယ်လူမှုဖူလုံရေး ရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ အာမခံ အလုပ်သမား ဦးလှမျိုးကျော်၏အလုပ်တွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုး ခံစားခွင့်ငွေကျပ် ၄၅၆ဝဝဝဝ၊ ပဲခူးမြို့နယ် လူမှုဖူလုံရေးရုံး၌ အကျုံးဝင်မှတ်ပုံတင်ထားသော ဆုစ်စတားအထည်ချုပ် စက်ရုံမှ အာမခံ အလုပ်သမား  ဒေါ်ခင်မာရီ၏လုပ်ငန်းခွင် ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုး ခံစားခွင့်ငွေကျပ် ၃၂၁၃ဝဝဝ၊ ပေါင်းတည် မြို့နယ်လူမှုဖူလုံရေး၌ အကျုံးဝင်မှတ်ပုံတင် ထားသော မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး မှ အာမခံအလုပ်သမား ဦးအောင်မြင့်ဦး၏ အလုပ်တွင်ထိခိုက်သေဆုံးမှုအတွက်  ကျန် ရစ်သူအကျိုးခံစားခွင့်ငွေကျပ်   ၃၂၄ဝဝဝဝ တို့ကို   ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး  ဦးညွန့်ရွှေက  ပေးအပ်သည်။

ဆက်လက်၍ အလုပ်သမားဆက်ဆံရေး ဦးစီးဌာနရုံးမှ   ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ကေသွယ်က  ပြည်မြို့ နယ် လူမှုဖူလုံ ရေး၌     အကျုံးဝင်မှတ်ပုံတင်ထားသော  ပေါက်ခေါင်းလျှပ်စစ်ရုံးမှ အာမခံအလုပ်သမား  ဦးဇော်ဦး၏အလုပ်တွင်   ထိခိုက်မှုအတွက် လုပ်အားဆုံးရှုံးမှု ၁၇ ရာခိုင်နှုန်း အမြဲတမ်း မသန်စွမ်းမှုငွေလုံး ငွေရင်း ငွေကျပ် ၁ဝ၂၈၁၆ဝ၊ အမှတ်(၁ဝ၇)သစ်စက်မှ   အာမခံအလုပ် သမား ဦးလေးနောင်၏နာရေးစရိတ်ငွေကျပ်  ၆၂၃၇ဝဝ၊   အေစီလီဒါ ကုမ္ပဏီလီမိတက်မှ အာမခံအလုပ်သမား ဒေါ်ကြည်ငြိမ်းဟန်၏ မီးဖွားမှု၊  မီးဖွားစရိတ် အတွက်  ငွေကျပ်  ၆၅၂၉၆၇ ကိုလည်းကောင်း၊  ပဲခူးတိုင်းဒေသ ကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး  ဒေါ်ကေသီ ခိုင်က မြို့နယ်လူမှုဖူလုံရေးရုံးများ၌ အကျုံးဝင် မှတ်ပုံတင်ထားသော မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်မှ အာမခံအလုပ်သမား ဒေါ်ဇာ ခြည်ထက်၏ မီးဖွားစရိတ်ငွေကျပ် ၆၄၃ဝ၆၆  ကိုလည်းကောင်း၊ ကမ္ဘောဇဘဏ်ခွဲ(၁)မှ  ဒေါ်ဖြူနှင်းကို၏    မီးဖွားစရိတ် ငွေကျပ်  ၅၅၄၇၅၂ တို့ကိုလည်း ကောင်း အသီးသီး ပေးအပ်ကြောင်း သိရသည်။   

  

 

Read 8 times Last modified on Saturday, 11 August 2018 11:39