SJ WorldNews - шаблон joomla Авто

မြန်မာအမျိုးသမီးများ အပေါ် သက်ရောက်နေသော အဓိကဥပဒေများ လက်စွဲ စာအုပ် မိတ်ဆက်

Thursday, 12 July 2018 13:36 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇူလိုင် ၁၁

နိုင်ငံတကာဖွံ့ဖြိုးရေး အဖွဲ့အစည်းဖြစ် သော အာရှဖောင်ဒေးရှင်းနှင့် ရန်ကုန်အခြေစိုက် အရပ်ဘက်လူမှု အဖွဲ့ အစည်းဖြစ်သော ဒါန- ရှေ့ဆောင်မြန်မာ အဖွဲ့တို့ ပူးပေါင်း ထုတ်ဝေသည့် မြန်မာ အမျိုးသမီးများအပေါ် သက်ရောက် နေသော အဓိက ဥပဒေများ  လက်စွဲစာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ပြည်လမ်းရှိ  International Business  Center (IBC)  ၌ ကျင်းပသည်။

အဆိုပါပွဲတွင် အာရှဖောင်ဒေးရှင်းနှင့် ဒါန- ရှေ့ဆောင်မြန်မာ အဖွဲ့မှ တာဝန်ရှိသူများက စာအုပ် ထုတ်ဝေရသော ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကြသည်။

''အမျိုးသမီးတွေအနေနဲ့ ဒီဥပဒေကို မဖြစ်မနေ လေ့လာသိရှိထားဖို့ ရည်ရွယ်ပြီး စာအုပ်ထုတ်ဝေတာပါ။      ဒီစာ အုပ်က  မြန်မာ အမျိုးသမီးတွေနဲ့   သက်ဆိုင်တဲ့ တည်ဆဲ ဥပဒေတွေနဲ့  အခွင့်အရေးတွေကို  နားလည်ရ လွယ်ကူတဲ့ ပုံစံတွေ၊ သရုပ်ဖော် ပုံတွေနဲ့ ရေးထားတဲ့ စာအုပ်ဖြစ်ပါတယ်''ဟု  ဒါန-ရှေ့ဆောင်မြန်မာ အဖွဲ့မှ   အကြီးတန်း အရာရှိ  ဒေါ်ကက်သရင်း ခင်ခင်သက်က ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အတွင်းရှိ အမျိုးသမီးတချို့သည်  အိမ်တွင်းအကြမ်းဖက်မှု၊  လူကုန်ကူးမှု အပါအ၀င် တခြား အနိုင်ကျင့်ခံရမှုများ ရှိနေခြင်းကြောင့် ယင်းအခြေအနေကို အမျိုးသမီးများအနေဖြင့်  ကာကွယ်နိုင်ရေး ဥပဒေများ  သိရှိစေရန်  ယင်းစာအုပ်ကို ထုတ်ဝေ ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စာအုပ်ကို  ရှေ့နေများ၊  စာကြည့်တိုက်မှူးများ၊ အမျိုးသမီး အဖွဲ့ ကွန်ရက်များနှင့် မြန်မာနိုင်ငံ အနှံ့အပြားရှိ  အရပ်ဘက် အဖွဲ့ အစည်းများ မှတစ်ဆင့် အခမဲ့ဖြန့်ဝေ ပေးမည်ဖြစ်ကြောင်း သိရသည်။ 

မင်းသော်တာလွင်

Read 9 times Last modified on Thursday, 12 July 2018 13:37