SJ WorldNews - шаблон joomla Авто

ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်နေမှုစစ်ဆေး

Thursday, 12 July 2018 12:53 font size decrease font size decrease font size increase font size increase font size

ခိုင်ကမ်း  ဇူလိုင်   ၁၁

ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်း မြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဖွံ့ဖြိုးရေး လုပ်ငန်း အဖြစ်ဆောက် လုပ်သည့် စည်ပင်သာယာဈေး၊ ၀န်ထမ်းအိမ်ရာနှင့် မြို့ဝင်ဆိုင်းဘုတ် ဆောက် လုပ်နေမှု တို့ကို  ယမန်နေ့က တာဝန်ရှိသူများ ကြည့်ရှု စစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ချင်းပြည်နယ်အစိုးရ အဖွဲ့ဝင်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်း ဒါလ်း၊ စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် ချင်းပြည်နယ်အစိုးရ အဖွဲ့ အတွင်း ရေးမှူး ဦးကျော်စိုးတို့ထံ  ခိုင်ကမ်းမြို့ အုပ်ချုပ်ရေးမှူး ဦးလှမျိုး၊ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ခံတို့က လုပ်ငန်း ဆောင်ရွက် ပြီးစီးမှုကို ရှင်းလင်းပြသသည်။

စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၉၄၅ သိန်းဖြင့် တည်ဆောက်သည့် စည်ပင်သာယာ ဈေးနှင့်ဝန်ထမ်းအိမ် ရာတည်ဆောက်ခြင်းလုပ်ငန်းကို Thuam Vum ကုမ္ပဏီလီမိတက်က တာဝန်ယူဆောင် ရွက်ခြင်းဖြစ်သည်။ စည်ပင်သာယာဈေးကို  ၁၂ပေ၊ ၁၀ ပေအကျယ်ရှိ အခန်း ၃၀ ပါအုတ်ညှပ်၊ သွပ်မိုးတစ်ထပ် အမျိုးအစား အင်္ဂလိပ်အက္ခရာ L ပုံစံဖြင့် တည်ဆောက်မည်ဖြစ်ပြီး ၀န်ထမ်း အိမ်ရာကို အလျား ၃၂  ပေ၊ အနံ ၂၈ ပေ၊ အုတ်ညှပ်၊ သွပ်မိုးနှစ်ထပ်ဖြင့်  တည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။                

ခိုင်ကမ်း (ပြန်/ဆက်)                     

Read 10 times Last modified on Thursday, 12 July 2018 12:59