SJ WorldNews - шаблон joomla Авто

ဖလမ်းမြို့နယ် သမ၀ါယမအသင်းစု နှစ်ပတ်လည်ဆိုင်ရာ စည်းဝေး

Thursday, 12 July 2018 12:53 font size decrease font size decrease font size increase font size increase font size

ဖလမ်း  ဇူလိုင်   ၁၁

ချင်းပြည်နယ် ဖလမ်းမြို့ ဗလိုင်ရပ်ကွက်ရှိ မြို့နယ်သမ၀ါယမအသင်းစု(လီမိတက်) အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် သမ၀ါယမအသင်းစု (လီမိတက်)၏ ၂၀၁၇-၂၀၁၈  ဘဏ္ဍာနှစ်  နှစ်ပတ်လည်ဆိုင်ရာအစည်းအဝေးကျင်းပသည်။

အစည်းအဝေးတွင် ဖလမ်းမြို့နယ်သမ ၀ါယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌ ဦးဘာဆိုဒက်နှင့် မြို့နယ်တာဝန်ခံ ဒေါ်ထောင်းနယ် တို့က အဖွင့်အမှာစကားပြောကြားပြီး ဖလမ်းမြို့နယ် သမ၀ါယမအသင်းစု(လီမိတက်)အုပ် ချုပ်မှု ဒါရိုက်တာ ဦးခေါလ်ထွာမ်းက ဒါရိုက်တာအဖွဲ့၏လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ဖတ်ကြားကာ ဦးစီးအရာရှိ ဦးထိန်ကိမ်း ခိုင်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်  စာရင်းစစ်ဆေးချက်အစီရင်ခံစာကို    ဖတ်ကြားသည်။

ထို့နောက် ဒုတိယဥက္ကဋ္ဌ  ဦးကုန်းစိန်က ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် ရှေ့လုပ်ငန်းစဉ်အကြောင်းအရာများကို တင်ပြရာ တက်ရောက်လာကြသူများက သိလိုသည့် အချက်များကို မေးမြန်းကြသည်။

အစည်းအဝေးသို့ ဖလမ်းမြို့နယ်သမ၀ါ ယမအသင်းစု(လီမိတက်)ဥက္ကဋ္ဌ ဦးဘာဆိုဒက်၊ ဒုတိယ ဥက္ကဋ္ဌ ဦးကုန်းစိန်၊ အုပ်ချုပ်မှု ဒါရိုက်တာ ဦးခေါလ်ထွာမ်း၊ မြို့နယ်သမ၀ါ ယမဦးစီးဌာန တာဝန်ခံ ဒေါ်ထောင်းနယ်၊ ဦးစီးအရာရှိ ဦးထိန်ကိမ်းခိုင်နှင့် တာဝန်ရှိသူများ၊ မြို့နယ် အတွင်းရှိ သမ၀ါယမ အသင်းဝင်များ တက်ရောက်ကြကြောင်း သိ ရသည်။

Read 12 times Last modified on Thursday, 12 July 2018 12:53