SJ WorldNews - шаблон joomla Авто

ရန်ပုံငွေ လွှဲပြောင်းပေးအပ်

Thursday, 12 July 2018 12:51 font size decrease font size decrease font size increase font size increase font size

တီးတိန်  ဇူလိုင်   ၁၁

ချင်းပြည်နယ် တီးတိန်မြို့နယ် ကျေးလက် ဒေသ   ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ၂၀၁၈ခုနှစ်တွင် စီမံကိန်းအသစ် ရရှိလာသော ဒိမ်ဇန်ကျေးရွာအတွက် မြစိမ်းရောင်စီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ် စီမံခန့်ခွဲမှုကော် မတီဥက္ကဋ္ဌ ဦးဂိုဆွင်းခိုင်က  နိုင်ငံတော်က ထောက်ပံ့သည့် မြစိမ်းရောင် ကျေးရွာ စီမံကိန်း ရန်ပုံငွေကျပ်သိန်း ၃၀၀ ကို ဒိမ်ဇန်ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီထံသို့ လွှဲပြောင်း ပေးအပ်သည်။

တီးတိန်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ ခုနှစ်တွင် ကျေးရွာပေါင်း ၂၉ရွာ၊ ကျေးရွာယူနစ်ပေါင်း ၂၄ ယူနစ်ရှိပြီး ထုတ်ချေးငွေ ကျပ် ၁၆၂၅ ဒသမ ၅၀၀ သန်းနှင့် အတိုးရငွေ ပေါင်းငွေကျပ် ၁၁၂ ဒသမ ၃၂၂၇၅ သန်းရှိကြောင်း၊ စီမံကိန်းဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊    ကုန်ထုတ်လုပ်ငန်း၊ အရောင်းအ၀ယ်နှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဆောင် ရွက် လျက်ရှိရာ ကျေးလက် နေပြည်သူအိမ်ထောင်စုပေါင်း ၂၀၃၄ စုတို့မှာအကျိုးခံစားခွင့်  ရရှိနေကြပြီဖြစ်ကြောင်း

မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။           

ထယ်လ်ဏ

Read 11 times Last modified on Thursday, 12 July 2018 12:52