SJ WorldNews - шаблон joomla Авто

ဘေးအန္တရာယ်ဆိုင်ရာ စီမံချက် ရေးဆွဲရေး ဆွေးနွေး

Thursday, 12 July 2018 12:50 font size decrease font size decrease font size increase font size increase font size

တီးတိန်  ဇူလိုင်   ၁၁

ချင်းပြည်နယ် တီးတိန်မြို့နယ် ရွှေ့ပြောင်း သွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း IOM အဖွဲ့အစည်း၏ ဦးဆောင်မှုဖြင့်   မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း စီမံချက်ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ် အထွေထွေ   အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဂိုဆွင်းခိုင်က အမှာစကားပြောကြားပြီး တက်ရောက် လာကြသူများကမိတ်ဆက်စကား ပြောကြားသည်။

မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းစီမံချက် ရေးဆွဲရေးအလုပ်ရုံ ဆွေးနွေးပွဲတွင်  တီးတိန်မြို့နယ် အတွင်း အဓိက သဘာဝ ဘေးအန္တရာယ် ကျရောက်နိုင်သည့် ဒေသများနှင့်ဘေးအန္တရာယ်ဖြစ်လာ ပါက  ထိခိုက်ဆုံးရှုံးနိုင်မှုများကို   အဓိက ဆွေးနွေး၍ စီမံချက်များရေးဆွဲကာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီသို့ အပ်နှံမည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊   လူမှုရေး အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက် ရောက်ပြီး ဆွေးနွေး ပွဲကို   နှစ်ရက်ကြာကျင်းပမည်ဖြစ်ကြောင်း သိရသည်။                          

ထယ်လ်ဏ

Read 6 times Last modified on Thursday, 12 July 2018 12:51