SJ WorldNews - шаблон joomla Авто

ကုမ္ပဏီ ဥပဒေသစ်နှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာ စည်းမျဉ်းများ ဇူလိုင်လအတွင်း ထုတ်ပြန်မည်

Wednesday, 11 July 2018 14:17 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇူလိုင်  ၁၀

သြဂုတ် ၁ ရက်တွင် ကုမ္ပဏီဥပဒေသစ် စတင် သက်ဝင်လာမည်ဖြစ်သဖြင့် ဇူလိုင်လအတွင်း ကုမ္ပဏီ ဥပဒေ သစ်နှင့်ပတ်သက် သည့်   အမိန့်ကြော်ငြာစာ  စည်းမျဉ်းများကို  ထုတ်ပြန်မည်ဖြစ်ကြောင်း ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးထံမှ သိရသည်။

သို့ဖြစ်၍    ယမန်နေ့က    ကုမ္ပဏီများ  မှတ်ပုံတင်သည့်အခါ  သတ်မှတ်ထားသည့် ၀န်ဆောင်ခ သတ်မှတ်ချက်၊ အများနှင့် သက်ဆိုင်သည့် ကုမ္ပဏီများ ဖွဲ့စည်းတည် ထောင်ရာတွင် ဥပဒေသစ်နှင့်အညီ ဆောင်ရွက် ရမည့်အရာများနှင့် အသင်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရမည့်  အမိန့်ကြော်ငြာစာ သုံးခုကိုထုတ်ပြန် ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ယနေ့တွင် သတ်မှတ်ထား သည့်  ကုမ္ပဏီများ၏  ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းနှင့် ကုမ္ပဏီများ ရှယ်ယာပြောင်းခြင်း၊ လိပ်စာပြောင်းခြင်း   စသည့်သတ်မှတ်ပုံစံ ၁၀၀ ကျော် စသော အမိန့်ကြော်ငြာစာနှစ်ခု တို့ကို ထုတ်ပြန်ပေးသွားမည်ဖြစ်သည်။

''အခုလို      အမိန့်ကြော်ငြာစာတွေ ထုတ်ပြီးရင် တတိယအနေနဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့   စည်းမျဉ်းတွေ ထုတ်ပြန်ဖို့ ရှိပါတယ်။ စည်းမျဉ်းတွေကို ပြည်ထောင်စု အစိုးရထံ  စာတင်ပြီး  အတည်ပြုပြီးမှသာ ၀န်ကြီးဌာနက  ထုတ်ပြန်သွားမှာပါ'' ဟု  ဦးအောင်နိုင်ဦးကပြောသည်။

ထိုသို့ ပြည်ထောင်စုအစိုးရထံသို့ တင်ပြ နိုင်ရန်  စီးပွားရေးကော်မတီမှ  ဥပဒေကို အတည်ပြုထားပြီဖြစ်ပြီး  ဇူလိုင်လအတွင်း စည်းမျဉ်းများကို  ထုတ်ပြန်ပေးနိုင်မည်ဖြစ်သည်။ ထိုသို့ စည်းမျဉ်းများထုတ်ပြန်ပြီးသည်နှင့်  ကုမ္ပဏီဥပဒေကို  စတင်ကျင့်သုံးဆောင် ရွက်နိုင်ပြီဖြစ်ကြောင်း သိရသည်။    

Read 16 times Last modified on Wednesday, 11 July 2018 14:19