SJ WorldNews - шаблон joomla Авто

ကွမ်စီး - မြန်မာ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဒုတိယအကြိမ် ဆွေးနွေး

Wednesday, 11 July 2018 14:04 font size decrease font size decrease font size increase font size increase font size

ရန်ကုန်   ဇူလိုင်   ၁၀

ကွမ်စီး - မြန်မာခရီးသွားလုပ်ငန်း မြှင့်တင်ရေး  ဒုတိယအကြိမ် ဆွေးနွေးပွဲကို ဇူလိုင် ၈ ရက်က ရန်ကုန်မြို့ Melia ဟိုတယ်၌ ကျင်းပရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ Guangxi Zhuang  Autonomous  Region မှ Mr. Li Guanggium ၊  Deputy Director of Tourism Development Commissionင မှ ဦးဆောင်၍ ကွမ်စီးဒေသ အစိုးရအရာရှိများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ စုစုပေါင်းအဖွဲ့ဝင် ၁၄ ဦးတို့က မြန်မာနိုင်ငံရှိ ခရီးသွားကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

''ကွမ်စီးရဲ့ လက်ရှိ အခြေအနေက သိပ်ပြီး မဖွံ့ဖြိုးသေးပါဘူး။    ဖွံ့ဖြိုးလာအောင် သူတို့ရဲ့  အထင်ကရနေရာ  မြို့ ၁၄ မြို့ ရှိတဲ့ ထင်ရှားကျော်ကြားတဲ့ ယဉ်ကျေးမှု အမွေအနှစ်နဲ့  မှတ်တမ်းဝင်တဲ့နေရာတွေကို ပြသကြတာဖြစ်ပါတယ်။ ဒီအခမ်းအနား ကနေပြီး မြန်မာနိုင်ငံကနေ  ကွမ်စီးကို လည်ပတ်သွားလာနိုင်ပြီး ပိုမိုအကျိုးဖြစ်ထွန်း လာစေမယ်လို့  မျှော်လင့်ပါတယ်''  ဟု  Cosmopuli Tam Travel  ဒါရိုက်တာ ဦးကျော်ဝင်းကပြောသည်။

လက်ရှိ ကွမ်စီး - မြန်မာခရီးသွားလာခြင်းအနေဖြင့်  ကွမ်စီးမှ မြန်မာနိုင်ငံသို့ လာရောက်မှု Cosmopuli Tam Travel ကုမ္ပဏီတစ်ခုတည်းမှ တစ်လလျှင် ပျမ်းမျှသွားရောက် လည်ပတ်သူဦးရေ  ၂၀၀ မှ ၃၀၀ ၀န်းကျင်ရှိသော် လည်း မြန်မာနိုင်ငံမှ  ကွမ်စီးသို့သွားရောက်ခြင်းမှာ  ပိတ်ရက်များတွင်သာ   သွားလာမှုများကြောင်း  သိရသည်။

သို့ဖြစ်ရာ နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် နှစ်နိုင်ငံ ဒုတိယအကြိမ် တွေ့ဆုံကြခြင်းဖြစ်ပြီး ပထမ အကြိမ်အဖြစ်  ၂၀၁၇ ခုနှစ် စက်တင်ဘာလက  တွေ့ဆုံခဲ့ကြသေးကြောင်း သိရသည်။

''ပထမအကြိမ်တွေ့ဆုံမှုတွေ ပြီးတဲ့အခါမှာ ခရီးသွားလုပ်ငန်းက တိုးတက်လာပါတယ်။   ကွမ်စီးပြည်နယ်   နန်နင်း မြို့က ခရီးသွားဖို့တင် မဟုတ်ဘဲ ကုန်စည်ပြပွဲတွေပါ  နှစ်စဉ်ကျင်းပတာကြောင့် ဒီနေရာကို  လည်ပတ်သူ တွေသာမက စီးပွားရေးလုပ်ငန်း ရှင်တွေလည်း  သွားရောက်တာတွေ့ရပါတယ်'' ဟု  ဦးကျော်ဝင်းကပြောသည်။

ယခုကဲ့သို့  ခရီးသွားကဏ္ဍ  တိုးတက် လာစေရန်မှာ နှစ်နိုင်ငံ အပြန်အလှန်တွေ့ဆုံ ဆွေးနွေးခြင်းအပြင် မြန်မာနိုင်ငံ၌ လည်ပတ်ရန်   နေရာများစွာ   ကျန်ရှိနေသေးပြီး   အဆိုပါနေရာများကို     ခရီးစဉ်အသစ် ဖော်ထုတ် ခြင်း လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။                          

...........

Read 13 times Last modified on Wednesday, 11 July 2018 14:17