SJ WorldNews - шаблон joomla Авто

ဘားအံမြို့၌ စာဖတ်ဝိုင်း ဆွေးနွေး

Wednesday, 11 July 2018 13:31 font size decrease font size decrease font size increase font size increase font size

ဘားအံ   ဇူလိုင်   ၁၀

ကရင်ပြည်နယ်  ဘားအံမြို့တွင် စာဖတ် ရှိန်မြှင့်တင်ရေးနှင့် စာပေချစ်သူ အချင်းချင်း ရင်းနှီးချစ်ခင်ကြစေရန်အတွက် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ဘားအံမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) တို့ ပူးပေါင်း၍ စာရေးဆရာဒေါက်တာဖေမြင့်၏ စဉ်းစားခြင်း ခေါင်းစဉ်ဖြင့် ရေးသား ထားသော စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ  လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်စောလင်းက အမှာစကား ပြောကြားပြီး ဘားအံ မြို့နယ် စာရေးဆရာ အသင်းမှ ဆရာ ဦးစောတင်မောင်စိန်က  စာရေးဆရာ ဒေါက်တာ ဖေမြင့်၏ စဉ်းစားခြင်း ခေါင်းစဉ်ဖြင့်ရေးသား ထားသော စာအုပ်၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းတွင် ဦးဆောင်ဆွေးနွေးမည့် စာရေးဆရာများဖြစ်ကြသည့် ဆရာမဒေါ်ကြည်ကြည်ဌေး (မာလာစိုးမိုး)၊ ဆရာဦးသန်းထွဋ်(လူမာ)၊ ဆရာဦးသန်း အောင်(မောင်လူဝိုင်း)၊ ဆရာဦးတင်မောင်စိန် (မြတ်နိုးအိမ် ဇွဲကပင်)နှင့် စာပေ၀ါသနာရှင် ဦးဝေဆန်းတို့က စဉ်းစားခြင်းခေါင်းစဉ်ဖြင့် ရေးသားထားသော စာအုပ်မှ တွေ့ကြုံ လာရသည့် အခက်အခဲ အပေါ် စဉ်းစားတွေးခေါ် ဆုံးဖြတ်ခြင်း ဆိုင်ရာများကို ဦးဆောင်ဆွေးနွေး သည်။

ဆက်လက်၍ တက်ရောက်လာကြသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာပေ ၀ါသနာရှင်များ၊  လူငယ်လူရွယ်တို့က  စာဖတ်ဝိုင်းပြုလုပ် ဆွေးနွေးမှုအပေါ် သိရှိလိုသည်များ မေးမြန်း ဆွေးနွေး ကြကြောင်း သိရသည်။         

 

Read 17 times Last modified on Wednesday, 11 July 2018 13:32