SJ WorldNews - шаблон joomla Авто

SRI နည်းစနစ်ဖြင့်မျိုးစေ့ထုတ်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြ

Wednesday, 11 July 2018 13:29 font size decrease font size decrease font size increase font size increase font size

ဘားအံ   ဇူလိုင်   ၁၀

စပါးမျိုးစေ့ စိုက်ပျိုးထုတ်လုပ်မှုမြင့်မား စေရေးအတွက်  ပညာပေးခြင်းအနေဖြင့် ဘားအံမြို့နယ် စိုက်ပျိုး ရေးဦးစီးဌာနနှင့်  နှစ်သစ်မျိုးစေ့ထုတ် သမ၀ါယမအသင်းတို့ ပူးပေါင်း၍ ကရင်ပြည်နယ် ဘားအံမြို့နယ်  နောင်လုံ အရှေ့ကျေးရွာအုပ်စု မြပြည်ကျေး ရွာတောင်သူဦးယဉ်ထွေး၏ စပါးစိုက်ခင်းတစ်ဧက၌ ယမန်နေ့နံနက်  ၈ နာရီခွဲ က SRI နည်းစနစ်ဖြင့်  မျိုးစေ့ထုတ်စိုက်ပျိုး ခြင်း၊  ပညာပေးခြင်းနှင့်ကွင်းသရုပ်ပြပွဲ ကျင်းပသည်။

ကွင်းသရုပ်ပြပွဲတွင် ဘားအံမြို့နယ် စိုက် ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဆဲင်ဇခုပ်က တောင်သူများအား SRI နည်းစနစ်ဖြင့် မျိုးစေ့ ထုတ်စိုက်ပျိုးခြင်းနည်းစနစ်များ၊ စပါးအထွက် နှုန်းကောင်းစေရေးအတွက် မျိုးနှင့်မြေဆီလွှာ ကောင်းမွန်ရေး၊ ပိုးမွှားရောဂါအန္တရာယ်နှင့် မိုးကာလစပါးဖျက်ခရုကျရောက်တတ်သည့် အတွက် ကာကွယ်ထားရမည့် အခြေအနေ များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ဘားအံမြို့နယ် သမ၀ါယမ ဦးစီးဌာနဦးစီးမှူး ဒေါ်စိုးမာလာက တောင်သူလယ်သမားများ   စိုက်ပျိုးစရိတ် အတွက် အထောက်အကူ ဖြစ်စေသည့် ချေးငွေဆိုင်ရာ အခြေအနေများကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ် နှစ်သစ်မျိုးစေ့ထုတ်အသင်း ဥက္ကဋ္ဌဦးအောင်ရွှေက တောင်သူများမျိုးစေ့ ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသင်းအနေဖြင့်   ဆောင်ရွက်နေသည့် အခြေအနေများကို   ရှင်းလင်းပြောကြားသည်။

ယင်းနောက် SRI နည်းစနစ်ဖြင့် မျိုးစေ့ ထုတ်စိုက်ပျိုးခြင်းတွင် စိုက်ပျိုးပုံအဆင့်ဆင့်ကို  စိုက်ပျိုးရေးဝန်ထမ်းများက လက်တွေ့ ကွင်းသရုပ်ပြစိုက်ပျိုးကြကြောင်း     သိရသည်။

.................

Read 9 times Last modified on Wednesday, 11 July 2018 13:31