SJ WorldNews - шаблон joomla Авто

ချောင်းရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းရသည့် အိမ်ထောင်စုများအား ထောက်ပံ့ငွေ ပေးအပ်

Thursday, 14 June 2018 11:43 font size decrease font size decrease font size increase font size increase font size

မင်းဘူး ဇွန် ၁၃

မကွေးတိုင်းဒေသကြီး စကုမြို့အတွင်း မန်းချောင်းရေနှင့် နွားကူချောင်းရေ ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်း နေရာချထားသည့် အိမ်ထောင်စုများအား ယမန်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်က စကုမြို့ပေါ် ဆွမ်းစားဓမ္မာရုံ၌ ထောက်ပံ့ငွေများ ပေးအပ်ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ရေဘေးရှောင်ပြည်သူ ၉၇၆ ဦးအတွက် ဆန်တန်ဖိုး ငွေကျပ် ၈၇၈၄ဝဝ ကိုလည်းကောင်း၊ ရေမျောပါ အိမ်ခြောက်လုံးအတွက် တစ်အိမ်လျှင် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်ခြောက်သိန်းနှင့် ရေမျောပါအိမ်ခြောက်လုံးမှ လူဦးရေ ၁၈ ဦးအတွက်ဆန်ဖိုးငွေကျပ် စုစုပေါင်း ၃၇၈ဝဝ ကိုလည်းကောင်း၊ သေဆုံးသူကလေးငယ် တစ်ဦးအ တွက်ငွေကျပ် သုံးသိန်းကို လည်းကောင်း၊ ရေမျောပါအိမ်များအတွက် ပစ္စည်း၁၆ မျိုးပါဝင်သည့် ပလတ်စတစ်ပုံးကို လည်းကောင်း တာဝန်ရှိသူများက ရေဘေးသင့် ပြည်သူများ လက်ဝယ်အရောက် အ သီးသီးထောက်ပံ့ ပေးအပ်ကြသည်။

ယင်းအပြင် ကျောင်းရွာနေ ရေဘေးရှောင် အိမ်ထောင်စု ၁၃၈ စု၊ ရွှေပေါက္ကံရပ်နေ ရေဘေးရှောင်အိမ်ထောင်စု ၆၇ စုအတွက် ထောက်ပံ့မှုများ ရရှိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း စကုမြို့ အုပ်ချုပ်ရေးမှူး ဦးကြည်မင်းထံမှ သိရသည်။ အလားတူ မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရ သည့် အိမ်ထောင်စုဝင်များအား မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။

ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု အနောက်အင်းကုန်းကျေးရွာနေ ရေဘေးသင့်ဒေသခံများကို ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ရာတွင် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးနှင့် ဝန်ထမ်းများအဖွဲ့က မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်ခြောက်လုံး ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုအား အိမ်ထောင်စု တစ်စုလျှင် အိမ်ဆောက်ပစ္စည်း ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ လူဦးရေ ၃၄ ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေကျပ် ၇၁၄ဝဝ နှင့် ကယ် ဆယ်ရေးပစ္စည်း ကိုးမျိုးတို့ကို ပေးအပ်သည်။

ထို့ပြင် ပွင့်ဖြူမြို့နယ် ကနီကျေးရွာအုပ်စု ချင်းကုန်းကျေးရွာ၌ ဇွန် ၁၁ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ပေါ်သို့ သစ်ပင်လဲကျသဖြင့် ထိခိုက်ပျက်စီးသွားသည့် အိမ်ထောင်စု အတွက် ထောက်ပံ့ငွေကျပ် တစ်သိန်းနှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးတို့ကိုလည်း ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

Read 12 times Last modified on Thursday, 14 June 2018 11:56