SJ WorldNews - шаблон joomla Авто

ကောင်းကျိုးမပေး မူးယစ်ဆေး ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲ ကျင်းပ

Thursday, 14 June 2018 11:42 font size decrease font size decrease font size increase font size increase font size

မင်းလှ ဇွန် ၁၃

မကွေးတိုင်းဒေသကြီး သရက်ခရိုင်မင်းလှမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာကြည့် တိုက်ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကောင်းကျိုးမပေး မူးယစ်ဆေးခေါင်းစဉ်ဖြင့် ပန်းချီ ပြိုင်ပွဲကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းငါးကျောင်းမှ ကျောင်းသား ၂၂ ဦး ကျောင်းသူ ခြောက်ဦး စုစုပေါင်း၂၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ယှဉ်ပြိုင်နေမှုကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် မြို့နယ်အဆင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပန်း ချီပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယ ဆု၊တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဆုနှင့်လက်မှတ်များ ပေးအပ်ပြီး ဆုမရရှိသည့် ကျောင်းသား၊ ကျောင်းသူ များကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြောင်း သိရသည်။

Read 11 times Last modified on Thursday, 14 June 2018 11:43