SJ WorldNews - шаблон joomla Авто

အခြေခံ မွေးမြူရေးနှင့် ကုသရေး သင်တန်းဖွင့်

Thursday, 14 June 2018 08:25 font size decrease font size decrease font size increase font size increase font size

ဝေါလေမြိုင်   ဇွန်  ၁၃

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြိုင်မြို့၌ အခြေခံ မွေးမြူရေးနှင့် ကုသရေးသင်တန်း   ဖွင့်ပွဲအခမ်းအနားကို  ယမန်နေ့နံနက်  ၁ဝ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက အဖွင့်အမှာစကား ပြောကြားပြီး မြဝတီမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာမင်းဝင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း တင်ပြသည်။

သင်တန်းတွင်  နွားမွေးမြူရေး၊  ဆိတ်မွေးမြူရေး၊ ကြက်မွေးမြူရေး၊ ဝက်မွေးမြူရေး၊ ဘဲမွေးမြူရေးစသည့် မွေးမြူရေးဆိုင်ရာ အကြောင်းများနှင့် ကာကွယ်ဆေးထိုးခြင်း၊ ဆိတ်ရောဂါများ၊ နွားရောဂါများ၊ ကြက်ရောဂါများ၊ ဘဲရောဂါများ၊  ဝက်ရောဂါများ စသည့်ကုသခြင်းဆိုင်ရာ အကြောင်းများနှင့် အာဟာရဗေဒဆိုင်ရာ သင်ခန်းစာများ သင်ကြား ပို့ချပေးမည်ဖြစ်သည်။

အဆိုပါသင်တန်းကို မြဝတီမြို့နယ်နှင့် ဝေါလေမြိုင်မြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး  ရပ်ကွက်နှင့်ကျေးရွာများမှ သင်တန်းသား ၃၂ ဦး တက်ရောက်ကာ သင်တန်းကာလမှာ ဇွန် ၁၃ ရက်မှ ၁၇ ရက်အထိ ဖြစ်ကြောင်း သိရသည်။        

Read 24 times Last modified on Thursday, 14 June 2018 08:26