SJ WorldNews - шаблон joomla Авто

လေယာဉ်ဆီနှင့် လေယာဉ်ငှားရမ်းခများ ဈေးနှုန်းကြီး မြင့်မှုကြောင့် ပြည်တွင်း လေကြောင်းလိုင်းများ အရှုံး ပေါ်နေ

Wednesday, 13 June 2018 10:10 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဇွန် ၁၂

ပြည်တွင်း လေကြောင်းလိုင်းများ အနေဖြင့် အဓိက အသုံးစရိတ်များ ဖြစ်သော လေယာဉ်ဆီနှင့် လေယာဉ် ငှားရမ်းခများ မလျှော့ချနိုင်သည့်အတွက် အရှုံးပေါ်နေကြောင်း မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) စီးပွားရေး အရာရှိချုပ် ဦးနိုင်စောလွင်ထံမှ သိရသည်။

''အရှုံးပေါ်နေတယ်ဆိုတာ အဓိက အသုံးစရိတ်တွေကို မလျှော့နိုင်တဲ့အတွက် အရှုံးပေါ်နေတာပါ။ အဓိကအ သုံးစရိတ်က နှစ်ခုရှိတယ်။ တစ်ခုက လေယာဉ်ဆီနဲ့ နောက်တစ်ခုက လေ ယာဉ်ငှားခပါ။ များသောအားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ လေကြောင်းလိုင်းတွေက လေယာဉ်ပိုင်ဆိုင်မှုနည်းတယ်။ လေယာဉ်ကို ငှားပြီးသုံးရတယ်။ လေယာဉ်ငှားခတွေ ပေးချေရတာက တစ်ပိုင်း၊ လေယာဉ်ဆီဈေးကြီးတာက တစ်ပိုင်း အဲဒီနှစ်ခုကြောင့် အဓိက ရှုံးနေတာပါ''ဟုဦးနိုင်စောလွင်က ပြောသည်။

မြန်မာအမျိုးသား လေကြောင်းလိုင်း အနေဖြင့် ပြီးခဲ့သည့်နှစ်က ပြည်တွင်းပြည်ပ ခရီးသွားဦးရေ ၁ ဒသမ ၅ သန်းခန့်သယ်ယူပို့ဆောင်ခဲ့ပြီး ယခုနှစ်တွင် အရှုံးပေါ်နေသော်လည်း ခရီးသည်ပေါင်း ၂ သန်းအထိ သယ်ယူ ပို့ဆောင်နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ယင်းကဲ့သို့ အရှုံးပေါ်နေခြင်းကို MNA တစ်ခုတည်းက ပြုပြင်၍မရဘဲ လေကြောင်းလိုင်းများနှင့် ပတ်သက်ဆက်နွှယ်သည့် တာဝန်ရှိသည့် အဖွဲ့အစည်းများ ပူးပေါင်း ပြင်ဆင်ရန် လိုအပ်ကြောင်း သိရသည်။

Read 490 times Last modified on Wednesday, 13 June 2018 10:19