SJ WorldNews - шаблон joomla Авто

Mr. Basil Vasilică Constantinescu အား မြန်မာနိုင်ငံဆိုင်ရာ ရိုမေးနီးယား နိုင်ငံ သံအမတ်ကြီး အဖြစ် ခန့်အပ်ရန် သဘောတူ

Thursday, 17 May 2018 10:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    မေ    ၁၇

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရက Mr. Basil Vasilică Constantinescu အား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်း ခံရသော ရိုမေးနီးယားနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သည်။

Mr. Basil Vasilică Constantinescu  ကို ၁၉၆၉ ခုနှစ် မေ ၂ ရက်တွင် ရိုမေးနီးယားနိုင်ငံ တာကိုဗစ်စတီးမြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၉၄ ခုနှစ်တွင် ရိုမေးနီးယားနိုင်ငံ ဘူခါရတ်စ် တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် ရိုမေးနီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန၌ စတင်ဝင်ရောက်ခဲ့ပြီး ၂ဝ၁၇ ခုနှစ် သြဂုတ်လအထိ နိုင်ငံခြားရေးဝန်ကြီးဌာန အင်ဒိုနီးရှားနိုင်ငံရှိ ရိုမေးနီးယားသံရုံး၊ အင်ဒိုနီးရှား၊ ဘရူနိုင်းနှင့် အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ရုံးနှင့် အာဆီယံဆိုင်ရာ ဥရောပသမဂ္ဂ အဖွဲ့ရုံးတို့၌ ရာထူးတာဝန် အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂ဝဝ၃ ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အထိ ရိုမေးနီးယားနိုင်ငံ ဘူခါရတ်စ်တက္ကသိုလ်နှင့် သံတမန်ကျောင်းတို့တွင် ဧည့်ပါမောက္ခ အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သည်။ Mr. Basil Vasilică Constantinescu သည် ၂ဝ၁၇ ခုနှစ် အောက်တိုဘာလမှစ၍ ယနေ့အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် မွန်ဂိုလီးယား နိုင်ငံဆိုင်ရာ ရိုမေးနီးယား သံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။ ၎င်းသည် ထိုင်း၊ အင်ဒိုနီးရှား၊ ပြင်သစ်နှင့် တရုတ် ဘာသာစကားများ တတ်ကျွမ်းသည်။၎င်းသည် အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သမီးနှစ်ဦး ရှိသည်။         

(သတင်းစဉ်)

Read 24 times Last modified on Thursday, 17 May 2018 10:26