SJ WorldNews - шаблон joomla Авто

တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်း ဖွင့်လှစ်

Thursday, 17 May 2018 10:22 font size decrease font size decrease font size increase font size increase font size

ဝေါ မေ ၁၆

ပဲခူးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အ ထောက်အကူပြု တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင် တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် ဝေါမြို့နယ် အဗျားငှက် ချေးဝင်းကျေးရွာအုပ်စု ဖက္ကလိပ်ကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်က အမှာစကား ပြောကြားသည်။ သင်တန်း တွင် သင်တန်းနည်းပြများက ဆန်မှုန့် အခြေခံ၍ Crepe roll,Chiffon Cake, Sesame cookies,Sugar cookies, Pancake, Fruitcake၊ ဂျယ်လီ၊ တစ်ခါသောက် ဖျော်ရည်အမျိုးမျိုး (သံပရာသီး၊ လိမ္မော်သီး၊ ကမ္ဗလာသီး၊ ရှားစောင်း လက်ပပ်၊ စပျစ်သီး)၊ သဘာဝသစ်သီး ဖျော်ရည်အမျိုးမျိုး၊ ပဲစင်းငုံ၊ ပဲတီ စိမ်းနှင့် ပဲပိစပ်ကိုအခြေခံ၍ အာဟာရ ပြည့်ပဲစင်းငုံခေါက်ဆွဲ၊ ပဲစင်းငုံပဲမုန့်၊ ပဲချောင်းကြော်၊ စာကလေးချေး၊ ပဲရွှေကြည်ဆနွင်းမကင်း၊ ပဲပူတင်း၊ ကွတ်ကီး၊ ပဲလိပ်၊ ပဲငါးပိ၊ ပဲငံပြာရည် အစရှိသည့် တန်ဖိုးမြှင့်စား သောက် ကုန်ထုတ်လုပ်မှု နည်းပညာများကို သင်ကြားပေးသွားမည် ဖြစ်သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား၊သင်တန်းသူ ၂၁ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ မေ ၁၆ ရက်မှ ၂၄ ရက်နေ့အထိ ကိုးရက်ကြာ ဖွင့်လှစ်သင်ကြားမည် ဖြစ်ကြောင်း သိရသည်။

Read 14 times Last modified on Thursday, 17 May 2018 10:25