SJ WorldNews - шаблон joomla Авто

ထန်းပင်မှ ကုန်ချော ထုတ်လုပ် နည်းများကို အခမဲ့သင်ကြား ပေးမည်

Thursday, 17 May 2018 10:21 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  မေ  ၁၆

ထန်းပင်များ ပြုန်းတီးလာမှုကြောင့် ထန်းပင်မှ ထန်းလျှော် ထန်းခေါက်များကို လက်မှု ပစ္စည်းများ ပြုလုပ်နည်းနှင့်    ထန်းရည်မှ သကြားပြုလုပ်ပုံ နည်းပညာများကို ထန်းစိုက်တောင်သူများအား အခမဲ့ သင်ကြားပို့ချပေး မည်ဖြစ် ကြောင်း တော်ဝင်ထန်း အဖွဲ့ အဖွဲ့ဝင် ဦးကောင်းစံဟိန်း ထံမှ သိရသည်။

အဆိုပါသင်တန်းများကို  ထန်းပင်များ မျိုးမပြုန်းတီးရေးနှင့် ထန်းစိုက်တောင်သူများ၏ ဘဝကို မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး သင်ကြား ပို့ချပေးမည်ဖြစ်ကာ ထန်းနှင့်ဝါးဆိုင်ရာ အဆင့်မြှင့် လက်မှုပညာ သင်တန်းကိုလည်း ရက်တို သင်တန်းများအဖြစ် သင်ကြားပေး လျက်ရှိသည်။

''စီးပွားရေး သမားတွေက ထန်းပင်တွေကို ခုတ်ပြီးတော့ ထန်းပရိဘောဂတွေ လုပ်တယ်။  ထန်းနဲ့ ပတ်သက်တဲ့  ထန်းအလုံးလိုက် အသုံးပြုတာမျိုးတွေ ပြုလုပ်နေကြတော့ ပြုန်းတီးလာတယ်။ ထန်းသမားတွေလည်း ထန်းမ တက်ကြတော့ဘူး။ စီးပွားရေးသမား တွေကို ရောင်းတယ်။  ဒါကြောင့်  ထန်းပင်တွေ  ထိန်းသိမ်း ကာကွယ်ဖို့နဲ့  ထန်းစိုက် တောင်သူတွေ ဘဝမြှင့်တင်ပေးဖို့  ထန်းလျှော် ထန်းအခေါက်လေးတွေနဲ့  လက်မှုပစ္စည်းတွေ၊ သကြားပြု လုပ်လို့ရမယ့် နည်းလမ်းတွေကို  အခမဲ့သင်ကြားပေးဖို့  လုပ်ဆောင်ရတာပါ'' ဟု ဦးကောင်းစံဟိန်းက ပြောသည်။

ထန်းပင်များကို ကျောက်ပန်းတောင်း မြို့နယ်အတွင်း အများဆုံးတွေ့ရှိရပြီး လက်ရှိတွင် ထန်းလျက်ဈေးကွက် ပျောက်လု နီးပါးဖြစ်ပေါ်နေကာ ဈေးနှုန်းများ လျော့ကျ လျက်ရှိကြောင်း သိရသည်။          

သီရိ

..........................

 

Read 14 times Last modified on Thursday, 17 May 2018 10:22