SJ WorldNews - шаблон joomla Авто

လေပြင်း တိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ အမိုးလန် ပျက်စီး

Wednesday, 16 May 2018 10:25 font size decrease font size decrease font size increase font size increase font size

ကျောက်တံခါး မေ ၁၅

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်းကျေးရွာ၌ ယမန်နေ့ ညနေ ၃ နာရီခန့်က လေပြင်း တိုက်ခတ်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ အမိုးလန်ပျက် စီးကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မြို့ချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ခရေဆောင်အလျား ပေ ၁၃ဝ၊ အနံ ပေ ၃ဝ တစ်ထပ်ကျောင်းဆောင်မှာ သွပ်အမိုးများ လန်၍ပျက်စီးပြီး နေအိမ်အလုံး ၃ဝ မှာလည်း အမိုးလန်ခြင်း၊ ယိုင်လဲပျက်စီးခြင်းတို့ဖြစ်ကာ သစ်ကိုင်းများ ကျိုးကျခြင်းကြောင့် လျှပ်စစ်မီးကြိုးများ ပြတ်ခြင်းတို့ဖြစ်ခဲ့သည်။

အဆိုပါ လေပြင်းများ တိုက်ခတ်သည့် နေရာများသို့ မြို့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း နိုင်နှင့်အဖွဲ့များ၊ ကျေးရွာရပ်မိရပ်ဖများ၊ ကျောင်းအကျိုးတော်ဆောင် များ သွားရောက်၍ လိုအပ်သည့် ကူညီမှု များရရှိနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 20 times Last modified on Wednesday, 16 May 2018 10:27