SJ WorldNews - шаблон joomla Авто

မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု စစ်ဆေး

Wednesday, 16 May 2018 10:22 font size decrease font size decrease font size increase font size increase font size

တောင်တွင်းကြီး  မေ  ၁၅

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် တိုက်ပွဲကျေးရွာအုပ်စု တိုက်ပွဲကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေဖြင့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့က တောင်တွင်းကြီးမြို့နယ်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။

အဆိုပါ မြစိမ်းရောင်ကျေးရွာ၌ မြစိမ်းရောင် အသင်းဝင် ၁၅၄ ဦးရှိရာ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၁၄ဝ ဦး၊ အရောင်းအဝယ် လုပ်ငန်းလုပ်ကိုင်သူ ၁၁ ဦး၊ အခြား အသက်မွေးဝမ်းကျောင်း လုပ်ငန်းလုပ်ကိုင်သူ သုံးဦးတို့ဖြစ်ပြီး မြစိမ်းရောင် စီမံကိန်း လည်ပတ်ရန်ပုံငွေကျပ် စုစုပေါင်းသန်း ၃ဝ ထုတ်ချေးထားကာ ယခုနှစ် ဧပြီလကုန်အထိ အတိုးရငွေကျပ် ၂  ဒသမ ၁ သန်း ရရှိ ထားပြီးဖြစ်သည်။

ထိုသို့မြစိမ်းရောင် လည်ပတ် ရန်ပုံငွေများကို ကျေးလက်နေပြည်သူများသို့ ထုတ်ချေးထားသည့် အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာပြီး မိသားစုဝင်ငွေများ တိုးပွားလျက်ရှိကြောင်း သိရ သည်။ 

Read 19 times Last modified on Wednesday, 16 May 2018 10:23