SJ WorldNews - шаблон joomla Авто

မီးသတ်စခန်းများ လွှဲပြောင်းပေးအပ်

Thursday, 12 April 2018 12:48 font size decrease font size decrease font size increase font size increase font size

ကြာအင်းဆိပ်ကြီး ဧပြီ ၁၁

ကြာအင်းဆိပ်ကြီးမြို့နယ် သံပုရာကျေးရွာနှင့် တံခွန်တိုင်ကျေးရွာ မီးသတ်စခန်းတို့၌ ယမန်နေ့က မီးသတ်စခန်း အဆောက်အအုံ နှစ်လုံးလွှဲပြောင်း ပေးအပ်ပွဲ ကျင်းပသည်။ အခမ်းအနားတွင် အဆောက်အအုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို တည်ဆောက်ရေး ကုမ္ပဏီများက လွှဲပြောင်းပေးအပ်ရာ ပြည်နယ်မီးသတ် ဦးစီးဌာန ဦးစီးမှူး ကိုယ်စား ကော့ကရိတ်ခရိုင် မီးသတ်ဦးစီးဌာန ဦးစီးမှူးဦးမျိုးဇော်က လက်ခံရယူသည်။ မီးသတ်ပညာပေး လုပ်ငန်းများ ပညာပေးနိုင်ရေး၊ မီးလောင်ရာတွင် လက်လှမ်းမီစွာ မီးငြှိမ်းသတ်နိုင်စေရေး ကရင်ပြည်နယ် အစိုးရအဖွဲ့က ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ သံပုရာ ကျေးရွာနှင့် တံခွန်တိုင် ကျေးရွာတို့၌ ၄၅ ပေ x ပေ ၆ဝရှိ အာစီနှစ်ထပ် အဆောက်အအုံ ဖြစ်ပြီး မီးသတ်စခန်း အဆောက်အအုံ တစ်လုံးလျှင် ငွေကျပ် ၁ဝ၉ဒသမ ၁၂၅ သန်းစီဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

Read 27 times Last modified on Thursday, 12 April 2018 12:49