SJ WorldNews - шаблон joomla Авто

သဘာဝဘေး လျော့ပါးစေရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်း အမှတ်စဉ်(၂/၂၀၁၈) ဖွင့်လှစ်

Wednesday, 14 March 2018 08:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်   ၁၃

သဘာဝဘေး လျော့ပါးစေရေး စေတနာ့ဝန်ထမ်း လူငယ်(ဆင့်ပွား) သင်တန်းအမှတ်စဉ် (၂/၂ဝ၁၈) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီ နယ်မြေ ဇေယျာသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် တက်ရောက်ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းက သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ ဇေယျာသီရိမြို့နယ်  အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါသင်တန်းသို့ ဇေယျာသီရိမြို့နယ် အတွင်းမှ စေတနာ့ဝန်ထမ်း သင်တန်းသား၊ သင်တန်းသူ ၃ဝ ဦး တက်ရောက်ကြသည်။သင်တန်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန နေပြည်တော်တိုင်း ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရများနှင့် သဘောတရားများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးသူရဝင်းက မီးဘေးလုံခြုံရေးနှင့် သဘာဝဘေး ကာကွယ်ရေး အကြောင်းနှင့် ဇေယျာသီရိမြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှ  တပ်ဖွဲ့မှူး ဦးဌေးလှိုင်က ရာသီဥတု ပြောင်းလဲခြင်းနှင့် သဘာ ဝဘေးအန္တရာယ် အကြောင်းအရာများကို သင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းကာလမှာ သုံးရက်ဖြစ်ကြောင်း သိရသည်။       

Read 41 times Last modified on Wednesday, 14 March 2018 08:37