SJ WorldNews - шаблон joomla Авто

သက်တမ်းလွန် စားသောက်ကုန်များ ရောင်းဝယ်မှု ရှိ ၊ မရှိ စစ်ဆေး

Tuesday, 13 March 2018 10:31 font size decrease font size decrease font size increase font size increase font size

ဂန့်ဂေါ  မတ်   ၁၂

ပုံတောင်ပုံညာဒေသ ဂန့်ဂေါခရိုင် ကျောမြို့နှင့် ထီးလင်းမြို့နယ် ရေမျက်နီကျေးရွာတို့၌ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဒေသရှိတာဝန်ရှိ အဖွဲ့များ  ပူးပေါင်းလျက် ယမန်နေ့က စားသောက်ကုန် ရောင်းဝယ်သည့် ဆိုင်များတွင် သက်တမ်းလွန် စားသောက်ကုန်များရောင်းဝယ်မှုရှိ၊ မရှိ စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ပခုက္ကူခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှူး ဦးသန်းဦး၊ ဂန့်ဂေါခရိုင် တာဝန်ခံ ဒေါ်စိုးယုဆွေ၊ ထီးလင်းမြို့နယ်   တာဝန်ခံ ဒေါ်အိသဲနှင့် တာဝန်ရှိသူများက ကျောမြို့ရှိ စားသောက်ကုန် ရောင်းဝယ်သည့်ဆိုင် ၁၄ ဆိုင်နှင့် ရေမျက်နီကျေးရွာ၌ ၁၉ ဆိုင်တို့တွင် သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချမှုရှိ၊ မရှိစစ်ဆေးကြပြီး   စားသောက်ကုန် လုံခြုံမှု ဆိုင်ရာများကို  အသိပညာပေး ဆွေးနွေးသည်။

အဆိုပါလုပ်ငန်း ဆောင်ရွက်ရာတွင် ကျောမြို့၌ သက်တမ်းလွန် စားသောက်ကုန် တန်ဖိုး ငွေကျပ် ၁၉ဝဝဝဝ ကျော်နှင့် ရေမျက်နီကျေးရွာ၌ ငွေကျပ် ၂၅ဝဝဝဝ ကျော်တို့ကို သိမ်းဆည်းသည်။

အဆိုပါသိမ်းဆည်းခဲ့သည့် စားသောက်ကုန်များမှာ အချိုရည်ဘူးများ၊ မာလာဟင်းသုံး ပစ္စည်းများနှင့် တုတ်ထိုးချိုချဉ်များ ပါဝင်ကြောင်း သိရသည်။

Read 56 times Last modified on Tuesday, 13 March 2018 10:32