SJ WorldNews - шаблон joomla Авто

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စက်ရုံပေါင်း ၃ဝဝဝ ကျော် လည်ပတ်နေပြီး ယင်းတို့အနက်မှ ရေဆိုးစွန့်ပစ် စက်ရုံပေါင်း ၂ဝ ခန့်အထိ ရှိနေ

Wednesday, 21 February 2018 10:03 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဖေဖော်ဝါရီ  ၂ဝ

ရန်ကုန်တိုင်းဒေသကြီး အတွင်း စက်ရုံပေါင်း  ၃၄၇၄ ရုံ လည်ပတ် လုပ်ကိုင်နေပြီး ယင်းတို့အနက်မှ    ရေဆိုးစွန့်ပစ်သည့် စက်ရုံပေါင်း  ၂ဝ  ခန့်အထိ ရှိနေကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမောင်သိန်းထံမှ သိရသည်။

အဆိုပါ    ရေဆိုးစွန့်ပစ်စက်ရုံများကို စစ်တမ်းများ ကောက်ယူရာ  ရန်ကုန်တိုင်း ဒေသကြီးအတွင်း  အများဆုံးတွေ့ရှိရပြီး အများစုသည် အရက်ချက်စက်ရုံနှင့် အဖျော် ယမကာ ထုတ်လုပ်သည့် စက်ရုံများဖြစ်နေသည်ကို တွေ့ရှိရသည်။ ယင်းစက်ရုံများမှ  မြစ်ချောင်းများ အတွင်းသို့  ရေဆိုးများစွန့်ပစ်မှုကြောင့်   သဘာဝပတ်ဝန်းကျင် ထိခိုက်လာနိုင်မည့် အခြေအနေများ ရှိလာ၍ အဓိကအားဖြင့်   ရေနေဇီဝ မျိုးစိတ်များ၏ ပတ်ဝန်းကျင် ဂေဟစနစ်ကို ထိခိုက်မှုဖြစ်ပေါ် လာနိုင်ကာ ပတ်ဝန်းကျင်ရှိ အများပြည်သူတို့တွင်လည်း  ကျန်းမာရေးနှင့် ပတ်သက်၍  ထိခိုက်လာနိုင်ကြောင်း သိရသည်။ ယင်းအတွက်  ယခုနှစ်အတွင်း   ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး  ရေဆိုးသန့်စင်မှု စနစ်ကို   ၂ဝ၁၈   ခုနှစ်အတွင်း အပြီးဆောင်ရွက်ရန် ညွှန်ကြားထားကြောင်း သိရသည်။

အဓိကအားဖြင့် ရေဆိုးပိုမိုထွက်ရှိသော အရက်ချက် စက်ရုံများကို အဓိကညွှန်ကြားထားပြီး    ရန်ကုန်တိုင်း ဒေသကြီးသာမက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်   ဆောင်ရွက်နေခြင်းဖြစ်သည်။  စက်ရုံအများစုသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း  အများဆုံး ရှိနေသည့်အတွက်  ရန်ကုန်တိုင်းဒေသကြီး အတွင်း   ကွင်းဆင်းလေ့လာ စိစစ်မှုများ ပြုလုပ်ရန်    ညွှန်ကြားထားပြီး   ရေဆိုး သန့်စင်စနစ်ကို မဖြစ်မနေ တည်ထောင်ရမည်ဖြစ်၍ လိုက်နာမှု မရှိသော စက်ရုံများကို ပိတ်သိမ်းသည် အထိ အရေးယူမည်ဖြစ်သည်။   ရေဆိုးသန့်စင်မှုစနစ် ဆောင်ရွက်ပြီးစီးပါက ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနအနေဖြင့် သတ်မှတ်ထားသည့်  စံချိန်စံညွှန်း၊  ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးများနှင့် ညီ၊ မညီစစ်ဆေး၍ ပညာပေးခြင်း အပြင် အရေးယူမှုများကိုပါ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Read 54 times Last modified on Wednesday, 21 February 2018 10:04