SJ WorldNews - шаблон joomla Авто

တောင်သူများကို ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း လက်တွေ့ သရုပ်ပြသ

Wednesday, 21 February 2018 09:58 font size decrease font size decrease font size increase font size increase font size

မြန်အောင်  ဖေဖော်ဝါရီ  ၂ဝ

မြန်အောင်မြို့နယ်   တယ်ကုန်းကျေးရွာအုပ်စု  ရေနစ်ကွင်းကျေးရွာနေ  တောင်သူဦးမြင့်ဝေ၏ လယ်မြေ၌ ယမန်နေ့က တောင်သူများကို စက်မှုလယ်ယာ ဦးစီးဌာန အမှတ်(၁၃) စက်မှုလယ်ယာစခန်းမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြသသည်။

သရုပ်ပြရာတွင်  ဟင်္သာတခရိုင်  စက်မှုလယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးလှိုင်တိုးက လယ်ယာလုပ်ငန်းခွင်တွင် စက်ကိရိယာများ အစားထိုးကာ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလျက်ရှိရာ ထွန်စက်၊ လက်တွန်းထွန်စက်၊ ရိတ်သိမ်းခြွေလှေ့စက်များ၊ ကောက်စိုက်စက်များ အသုံးပြု၍ ရာသီအလိုက် သီးနှံများအချိန်မီ စိုက်ပျိုး ထုတ်လုပ်နိုင်မည်ဖြစ်

ကြောင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန် ပျိုးထောင်နည်းစနစ် အဆင့်ဆင့်နှင့် ပျိုးထောင်ရက် ၁၅ ရက်ခန့် ရရှိပါက ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားပြီး ကောက်စိုက်စက်ဖြင့် လယ်ကွက်များတွင် စိုက်ပျိုးခြင်းကို သရုပ်ပြကြသည်။

ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စိုက်တိုးမြှင့် အဖွဲ့ဝင်များ ၊မြို့နယ် စက်မှုလယ်ယာဦးစီးဌာန   ဦးစီးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများ၊  တယ်ကုန်းကျေးရွာအုပ်စုနှင့် ကွင်းကြီးထောင့်ကျေးရွာအုပ်စု တို့မှ တောင်သူများ  တက်ရောက်ကြည့်ရှုကြသည်။

ကောက်စိုက်စက် ရှစ်တန်းသွားနှင့် ခြောက်တန်းသွား စက်များကို မြို့နယ်စက်မှု လယ်ယာစခန်းများတွင် လက်ငင်းစနစ်၊ အရစ်ကျစနစ်ဖြင့် ဝယ်ယူရရှိနိုင်ကြောင်းနှင့် လိုအပ်သော နည်းပညာများကို သက်ဆိုင်ရာမှ ကူညီပံ့ပိုး ပေးမည်ဖြစ်ကြောင်း မြန်အောင်မြို့နယ် စက်မှု လယ်ယာ ဦးစီးဌာန ဦးစီးမှူး ဦးဇော်လင်း ထံမှ သိရသည်။

Read 55 times Last modified on Wednesday, 21 February 2018 10:00