SJ WorldNews - шаблон joomla Авто

တနင်္သာရီမြို့နယ် ပဝကျေးရွာကမ်းပါး တစ်လျှောက် ကမ်းပြို ကာကွယ်ရေး ဆောင်ရွက်

Wednesday, 21 February 2018 09:54 font size decrease font size decrease font size increase font size increase font size

တနင်္သာရီ  ဖေဖော်ဝါရီ  ၂ဝ

တနင်္သာရီမြို့နယ်  ပဝကျေးရွာအုပ်စု ပဝကျေးရွာအရှေ့မျက်နှာစာ   ကမ်းပါးတစ်လျှောက်တွင်  ကမ်းပြိုမှုကာကွယ်ရေး ကျောက်စီနံရံ လုပ်ငန်းများကို တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်တည်ဆောက်မှု ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်  လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးကြသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးကျော်သီဟ၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ(နည်းပညာ)၊ မြို့နယ်စည်ပင်သာယာ အဖွဲ့ အမှုဆောင်အရာရှိ ဦးဟုန်စိုးနှင့် အငယ်တန်းအင်ဂျင်နီယာ(၂) ဦးအောင်သက်ဦးတို့နှင့် တာဝန်ရှိသူများက အဆိုပါ ကမ်းပြိုလုပ်ငန်း တည်ဆောက်မှုကို သတ်မှတ်စံချိန်စံညွှန်းများနှင့် သတ်မှတ်ကာလ ပြီးစီးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းကျောက်စီနံရံလုပ်ငန်းကို  တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၁၁၅ဝ ဖြင့် ပဝကျေးရွာ အရှေ့မျက်နှာစာ တစ်လျှောက်ပေ ၂၂၂ဝ အတွင်း ကျောက်စီနံရံဆောင်ရွက်ခြင်းဖြစ်ပြီး ကျောက်စီနံရံအရှေ့တွင် မျှောကရစ်ကွက်များကို ကျောက်ကြီးများ ဖြည့်ကာတည်ဆောက်ခြင်း၊ မျှောကရစ်ကွက်များ အရှေ့တွင် သဲမွေ့ရာများ ချထားပေးခြင်း လုပ်ငန်း ကို တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးက တာဝန်ယူ၍ အနီးကပ်ကြီးကြပ် တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Read 57 times Last modified on Wednesday, 21 February 2018 09:55