SJ WorldNews - шаблон joomla Авто

နှစ် (၇ဝ) မြောက် ချင်းအမျိုးသားနေ့ ရန်ကုန်မြို့၌ ကျင်းပ

Wednesday, 21 February 2018 09:45 font size decrease font size decrease font size increase font size increase font size

ရန်ကုန် ဖေဖော်ဝါရီ ၂ဝ

နှစ် (၇ဝ) မြောက် ချင်းအမျိုးသားနေ့ကို ယနေ့တွင်  ရန်ကုန်တိုင်းဒေသကြီး  အလုံမြို့နယ်ရှိ  ဖရင့်ခန်းမ၌  ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင်   နိုင်ငံကျော် အဆိုတော် များနှင့်   ချင်းတိုင်းရင်းသား အဆိုတော်များက ရိုးရာအကများဖြင့်  ကပြဖျော်ဖြေကြပြီး ပွဲတွင် ချင်းရိုးရာ ဝတ်စုံများကိုလည်း ရောင်းချပေးခဲ့ကြောင်း သိရသည်။

''ချင်းတိုင်းရင်းသားအားလုံးက  ချင်းအမျိုးသားနေ့ကို  အမြတ်တနိုး တန်ဖိုးထားစေချင်လို့  ဒီပွဲကိုကျင်းပတာပါ။ မြန်မာနိုင်ငံမှာ ချင်းတိုင်းရင်းသား မျိုးနွယ်စုက အများဆုံးလို့တောင် ပြောလို့ရတယ်။ အားလုံးက ကိုယ့်လူမျိုး အချင်းချင်း   စုစုစည်းစည်းနဲ့ ရိုးရာအကလေးတွေ  ကကြ၊ တီးမှုတ်ကြ၊ သီဆိုကြခြင်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးရင်းနှီး ကျွမ်းဝင်လာစေပါတယ်'' ဟု  ချင်းလူမှုရေး အသင်း  ဒုတိယဥက္ကဋ္ဌ ဦးပါချူးငါ ကပြောသည်။ချင်းအမျိုးသားနေ့ကို ရန်ကုန်မြို့အပြင် ချင်းတိုင်းရင်းသားများ နေထိုင်ရာ  တခြား အရပ်ဒေသ အသီးသီး၌လည်း စည်ကားစွာ ကျင်းပကြောင်း သိရသည်။    

Read 40 times Last modified on Wednesday, 21 February 2018 09:45