SJ WorldNews - шаблон joomla Авто

နမ့်ခမ်းမြို့ နယ် မူဆယ်-နမ့်ခမ်းသွား ကားလမ်းမကြီးဘေး၌ ရှေ့ ထွက်မိုင်းနှစ်လုံးတွေ့ရ

Saturday, 13 January 2018 12:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ခမ်းမြို့နယ်၊ နောင်လောင်းကျေးရွာအနီးရှိ ကားလမ်းဘေး၌ မိုင်းများတွေ့ရှိကြောင်း သတင်းအရ ယနေ့မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ ခန့်တွင်နယ်မြေ လုံခြုံရေး ဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းက သွားရောက် စစ်ဆေးရာ နောင်လောင်း ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၁ဝဝဝ ခန့်အကွာရှိ မူဆယ်-နမ့်ခမ်းသွား ကားလမ်းမကြီး ဘေး ၈ ပေခန့်အကွာ၌ ထောင်ထားသော အလျား ၈ လက်မ၊ အနံ ၄ လက်မခန့်ရှိ ရှေ့ထွက် မိုင်းနှစ်လုံးအား ဆက်စပ် ပစ္စည်းများနှင့် အတူ ရှာဖွေတွေ့ရှိသဖြင့် သက်မဲ့ပြုလုပ်နိုင်ခဲ့သည်။

အဆိုပါ နေရာတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 116 times Last modified on Saturday, 13 January 2018 12:27