SJ WorldNews - шаблон joomla Авто

မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပညာရည်ချွန်ဆုပေးပွဲပြုလုပ်

Saturday, 13 January 2018 12:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ ကျွဲကူးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း ၏ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ပညာရည်ချွန် ဆုပေးပွဲကို ယနေ နံနက်ပိုင်းတွင် အဆိုပါ ကျောင်းခန်းမ၌ ပြုလုပ်ရာ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင် နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသော ဆရာ၊ ဆရာမများနှင့် ဂုဏ်ထူးရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား တိုင်းမှူးနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြပြီး ကျောင်းအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကြပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Read 146 times Last modified on Saturday, 13 January 2018 12:26