SJ WorldNews - шаблон joomla Авто

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စု ရို့ဒ်အိုင်းလင်းပြည်နယ်အခြေစိုက် Brown University မှ သံတမန်ရေးရာနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပါမောက္ခ သံအမတ်ကြီး(ငြိမ်း)နှင့်ဇနီးတို့အား လက်ခံတွေ့ဆုံ

Saturday, 13 January 2018 10:52 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ဇန်နဝါရီ ၁၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်ပြည်ထောင်စု ရို့ဒ်အိုင်းလင်းပြည်နယ်အခြေစိုက် Brown University မှ သံတမန်ရေးရာနှင့် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ ပါမောက္ခ သံအမတ်ကြီး (ငြိမ်း) Mr. Richard Boucher နှင့် Ms. Carolyn Brehm တို့ဦးဆောင်သည့် အဖွဲ့ဝင် ၃၅ ဦးပါ ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဒေသတွင် အခြေစိုက်သည့် ဥပဒေရေးရာ၊ ပညာရေး၊ လူ့စွမ်းအား အရင်းအမြစ် ပြုစုပျိုးထောင်ရေးနှင့် စီးပွားရေး နယ်ပယ်အသီးသီးမှ ပညာရှင်များနှင့် အလုပ်အမှုဆောင် အရာရှိချုပ် ၃၂ ဦးပါဝင်ပြီး ကိုယ်စားလှယ်အဖွဲ့သည် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အနုပညာနှင့် ယဉ်ကျေးမှုများကို လေ့လာရန် လာရောက်ခြင်း ဖြစ်ပြီး မန္တလေးမြို့၊ ပုဂံမြို့နှင့် အင်းလေးဒေသများသို့လည်း သွားရောက်ခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုင်ရာ ကြိုးပမ်းမှုများ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ များတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို ရှင်းလင်းပြောကြား ပြီး ၎င်းတို့ သိရှိလိုသည်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြန်လည်ဖြေကြားခဲ့သည်။

Read 125 times Last modified on Saturday, 13 January 2018 10:54