SJ WorldNews - шаблон joomla Авто

မော်လမြိုင်ကျွန်းဈေးကွက်၌ တရုတ်ကြက်သွန်နီများ ရောင်းအားကောင်း

Saturday, 13 January 2018 10:21 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်ကျွန်း ဇန်နဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်း မြို့ပေါ်ဈေးများ၌ ယခုအခါ တရုတ် ကြက်သွန်နီများ ရောင်းအားကောင်းလျက်ရှိပြီး အဆိုပါ တရုတ်ကြက်သွန်နီများကို မော်လမြိုင် ကျွန်းမြို့နယ် အတွင်းရှိ အလှူပြုလုပ်သူများနှင့် စားသောက်ဆိုင်များက အဓိကဝယ်ယူသုံးစွဲလျက်ရှိကြောင်း သိရသည်။

၂ဝ၁၇ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလတို့မှစ၍ ဈေးနှုန်းမြင့်တက်ခဲ့ရာ ယနေ့အထိ မော်လမြိုင် ကျွန်းမြို့ပေါ် ဈေးများတွင် ရောင်းချလျက်ရှိသော ပြည်တွင်း ကြက်သွန်နီ ဈေးနှုန်းမှာ တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝဝ မှ ၃၅ဝဝ အထိ ဈေးရှိသည်။

ယင်းပြည်တွင်းထွက် ကြက်သွန်နီ ဈေးမြင့်တက်လာချိန်တွင် ပြည်ပမှ တရုတ်ကြက်သွန်နီများ ဈေးကွက်သို့ ဝင်ရောက်လာခဲ့ရာ မော်လမြိုင် ကျွန်းမြို့ပေါ်ရှိ ကုန်သည်များက တရုတ် ကြက်သွန်နီများကို ရန်ကုန်မြို့မှ မှာယူ၍မြို့ပေါ်ရှိ လက်လီ၊ လက်ကားဆိုင်များသို့ တစ်ဆင့် ပေးပို့ရောင်းချကြရာ တရုတ်ကြက်သွန်နီ တစ်ပိဿာလျှင်ငွေကျပ် ၂ဝဝဝ ဈေးဖြင့် ရောင်းချ လျက်ရှိသည်။

''တရုတ်ကြက်သွန်နီက အခုဆိုရင် ရောင်းအား သိပ်ကောင်းပါတယ်။ မြို့နယ်အတွင်းက စားသုံးသူတွေ ဈေးနှုန်းချိုသာတဲ့ တရုတ်ကြက်သွန်နီကို ဝယ်ယူသုံးစွဲနေကြပါတယ်။ ကျွန်တော့်ဆိုင်မှာ တစ်နေ့ကို တရုတ်ကြက်သွန်နီ ပိဿာချိန် ၂ဝ မှ ၃ဝ အထိ အရောင်း အဝယ်ရှိပါတယ်''ဟု ဗိုလ်ချုပ်ဈေး အပြင်တန်း ကုန်စုံဆိုင်မှ ဦးမောင်ခိုင်က ပြောသည်။

အဆိုပါ တရုတ်ကြက်သွန်နီမှာ ကြက်သွန်နီ တစ်လုံးလျှင် ၁ဝ ကျပ်သားမှ ၁၅ ကျပ်သားအထိ အလေးချိန်ရှိပြီး မြို့နယ်အတွင်း အလှူပြုလုပ်သူများနှင့် စားသောက်ဆိုင်များက တရုတ် ကြက်သွန်နီကို အဓိက ဝယ်ယူသုံးစွဲလျက်ရှိကြောင်း သိရသည်။

Read 150 times Last modified on Saturday, 13 January 2018 10:49