SJ WorldNews - шаблон joomla Авто

ဗန်းမော်မြို့နယ်၌ အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲ ကျင်းပ

Saturday, 13 January 2018 10:12 font size decrease font size decrease font size increase font size increase font size

ဗန်းမော် ဇန်နဝါရီ ၁၂

မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှကြီးမှူး၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စားသောက်ကုန်နှင့် လူသုံးကုန် ထုတ်လုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနားကို ကချင်ပြည်နယ် ဗန်းမော်မြို့နယ် သာစည်ကျေးရွာဇရပ်၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲက ကျင်းပသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကျေး လက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးသောင်းညွန့်က သင်တန်းဆင်း အမှာစကား ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်သင်းတို့က သင်တန်းနည်းပြ ဆရာမများကို ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးထွန်းကျော်ကျော်မျိုးက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ယင်းနောက် တက်ရောက်လာကြသူများက သင်တန်းသူများ ထုတ်လုပ်ထားသည့် စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသူ ၂၅ ဦးအား ချဉ်စော်ကားသီးယို၊ သရက်ယို၊ ချင်းယို၊ ကျောက်ဖရုံယို၊ ချင်းဖျော်ရည်၊ မန်ကျည်းဖျော်ရည်၊ ချဉ်စော်ကားသီးဖျော်ရည်၊ မန်ကျည်း တော်ဖီ၊ လိမ္မော်ဖျော်ရည်၊ ပန်းကန်ဆေး ဆပ်ပြာဆီ၊ ခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာဆီ၊ သံပရာဆီ၊ မျက်နှာသစ်ဆပ်ပြာခဲ၊ ဆပ်ပြာခရင်နှင့် ချဉ်စော်ကားသီးဆော့ စသည်တို့ ထုတ်လုပ်သည့် နည်းပညာများကို သင်တန်းကာလ ၁၅ ရက်ကြာ သင်ကြားပေးခဲ့သည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နိုင်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ သင်တန်း နည်းပြ ဆရာမများနှင့် သင်တန်းသူများ တက်ရောက် ကြကြောင်း သိရသည်။

Read 115 times Last modified on Saturday, 13 January 2018 10:21