SJ WorldNews - шаблон joomla Авто

ဧရာဝတီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

Thursday, 07 December 2017 13:25 font size decrease font size decrease font size increase font size increase font size

မြောင်းမြ ဒီဇင်ဘာ ၆

ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့မ ဘောလုံးကွင်း၌ ယမန်နေ့ ညနေ ၃ နာရီက တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ခြောက်ခရိုင် အသက် ၂၂ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကျင်းပသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ကိုယ်စား ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်း တင်ထွေးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြောင်းမြခရိုင် ဘောလုံးအသင်းနှင့် လပွတ္တာ ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြောင်းမြခရိုင် ဘောလုံးအသင်းက ၃ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိသွားသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲကို ဒီဇင်ဘာ ၅ ရက်မှ ၁၅ ရက်အထိ တိုင်းဒေသကြီး အတွင်းရှိ ခရိုင်ခြောက်ခရိုင်မှ ပြိုင်ပွဲဝင်အသင်း ခြောက် သင်းက ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် မန်းထွန်းကြိုင်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘော လုံးဝါသနာရှင်ပြည်သူများ တက်ရောက်ကြောင်း သိရသည်။

Read 5 times Last modified on Thursday, 07 December 2017 13:28