SJ WorldNews - шаблон joomla Авто

မြတ်မော်တင်စွန်း ဘုရားကုန်း တောင်တက်ကားလမ်း ပြုပြင် ဆောင်ရွက်မှု ပြီးစီး

Thursday, 07 December 2017 13:20 font size decrease font size decrease font size increase font size increase font size

ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၆

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့ ပုသိမ်-မော်တင်ကားလမ်း မိုင်တိုင်အမှတ် (၉၆)အနီး မြတ်မော်တင်စွန်း ဘုရားကုန်းတော်ပေါ်သို့ ဆက်သွယ်ထားသော ဘုရားတောင်တက်လမ်းကို ဘုရားပွဲတော် နီးလာသဖြင့် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ပြုပြင်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် လုပ်ငန်းအားလုံး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ မြတ်မော်တင်စွန်း ဘုရားကုန်းတောင်တက်လမ်းသည် မိုးတွင်းကာလက ရေစီးဆင်း တိုက်စားမှုကြောင့် ပျက်စီးနေသဖြင့် မြို့နယ်လမ်းဦးစီးဌာနနှင့် ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းကာ လမ်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လမ်းမှာ မြတ်မော်တင်စွန်း ဘုရားကုန်းပေါ်သို့ တိုက်ရိုက် ဆက်သွယ်ထားသော ကတ္တရာလမ်းဖြစ်ပြီး လမ်းအရှည်ပေ ၁၅ဝဝ၊ အကျယ် ၁၂ ပေရှိကာ လမ်းပြုပြင်ရန်အတွက် ခန့်မှန်းကုန်ကျငွေ ကျပ်သိန်း ၅ဝ ဖြစ်၍ ဟိုတယ်လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင်များက ထည့်ဝင် လှူဒါန်းငွေကျပ် ၁၆ သိန်းနှင့် မြို့နယ် လမ်းဦးစီးဌာနက ၃၅ သိန်းထည့်ဝင် လှူဒါန်းကာ ဒီဇင်ဘာ ၂ ရက်မှ ယနေ့အထိ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Read 5 times Last modified on Thursday, 07 December 2017 13:25