SJ WorldNews - шаблон joomla Авто

မီနီမာရသွန် အပြေးပြိုင်ပွဲ ကျင်းပ

Thursday, 07 December 2017 13:20 font size decrease font size decrease font size increase font size increase font size

ကန်ကြီးထောင့် ဒီဇင်ဘာ ၆

မြို့နယ်အားကစား ကော်မတီ ဥက္ကဋ္ဌဖလား အခြေခံပညာ ကျောင်းပေါင်းစုံ မီနီမာရသွန် အပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီတွင် ကန်ကြီးထောင့်မြို့ အခြေခံပညာ အထက်တန်းကျောင်းရှေ့၌ ကျင်းပသည်။ အဆိုပါ ပြိုင်ပွဲကို မြို့နယ် အုပ်ချုပ်ရေးမှူးက တာလွှတ်ပေးပြီး ကန်ကြီးထောင့်မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၁၅ဝ ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုပေးပွဲဆက်လက် ကျင်းပရာ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ညွှန်ကြားရေးမှူး ဦးမြသန်းထိုက်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲအလိုက် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများနှင့် စတုတ္ထမှ ဒသမအထိ ပန်းဝင်သူများကို နှစ်သိမ့်ဆုများ ပေး အပ်ချီးမြှင့်ကြကြောင်း သိရသည်။

Read 5 times Last modified on Thursday, 07 December 2017 13:25