SJ WorldNews - шаблон joomla Авто

မျိုးကောင်းမျိုးသန့် စပါးစိုက်ပျိုးနိုင်ရေး တွေ့ဆုံ ဆွေးနွေး

Thursday, 07 December 2017 13:14 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်ကျွန်း ဒီဇင်ဘာ ၆

ဧရာဝတီ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနနှင့် ဖျာပုံခရိုင် စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ဒီဇင်ဘာ ၄ ရက်မှ ၆ ရက်အထိ ဒေးဒရဲ၊ ဖျာပုံ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် ကျိုက်လတ်မြို့နယ်တို့သို့ သွားရောက်၍ မျိုးကောင်းမျိုးသန့် စပါးများ စိုက်ပျိုးနိုင်ရန်အတွက် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံ ဆွေးနွေးသည်။ ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် အဖွဲ့သည် ဒီဇင်ဘာ ၄ ရက် ညနေ ၄ နာရီတွင် ဒေးဒရဲမြို့နယ် အောက်ကွင်းကြီးကျေးရွာ မျိုးသန့်ခြံ၌ လည်းကောင်း၊ ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီတွင် ဖျာပုံမြို့နယ် နောင်တော်ကြီး ကျေးရွာရှိ ဘက်စုံ အဆင့်မြင့်နည်းပညာ သုံးစံပြကျေးရွာ၌ လည်းကောင်း၊ နံနက် ၁၁ နာရီတွင် ဘိုကလေးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ လည်းကောင်း၊ ဒီဇင်ဘာ ၅ ရက် ညနေ ၄ နာရီက မော်လမြိုင်ကျွန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ လည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်(ယနေ့) နံနက် ၉ နာရီတွင် ကျိုက် လတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံး၌ လည်းကောင်း မြို့နယ်အလိုက် စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများ၊ ဒေသခံ စံပြတောင်သူများ နှင့်တွေ့ဆုံပြီး မျိုးကောင်းမျိုးသန့်စပါး စိုက်ပျိုးထုတ်လုပ်နိုင်ရန်၊ စိုက်ပျိုးရေး နည်းပညာနှင့် စိုက်ပျိုးရေး ဆိုင် ရာ အလေ့အကျင့်ကောင်းများ ဆောင်ရွက်နိုင်ရန်အတွက် အပြန်အလှန် ဆွေးနွေးကြသည်။ အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် စံပြတောင်သူ လယ်သမားများသည် စပါးမျိုးကောင်း မျိုးသန့်စိုက်ပျိုး ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေး နည်းပညာများကို အပြန်အလှန် တင်ပြကြကြောင်း သိရသည်။

Read 3 times Last modified on Thursday, 07 December 2017 13:20