SJ WorldNews - шаблон joomla Авто

ပင်လယ်ထွက် လက်မှုပစ္စည်း ပြုလုပ် ရောင်းချသူများ အရောင်းအဝယ် ကောင်းလျက်ရှိ

Thursday, 07 December 2017 13:14 font size decrease font size decrease font size increase font size increase font size

ဟိုင်းကြီးကျွန်း ဒီဇင်ဘာ ၆

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်းမြို့၌ မြတ်မော်တင်စွန်း ဘုရားပွဲတော် ကျင်းပရန် နီးကပ်လာ၍ ပင်လယ်ထွက် ပစ္စည်းများကို လက်မှုပညာဖြင့် ဖန်တီးပြုလုပ် ရောင်းချသော အိမ်တွင်းအလှဆင် ပစ္စည်းများနှင့် လက်ဆောင်ပစ္စည်းများ အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း သိရသည်။

''ကျွန်တော်တို့လို ပင်လယ်ထွက်ပစ္စည်းတွေနဲ့ အလှဆင်ပစ္စည်းများ ဖန်တီးရောင်းချသူတွေ အနေနဲ့ နှစ်စဉ် တပို့တွဲနဲ့ တပေါင်းလတွေမှာ မြတ်မော်တင်စွန်း ဘုရားဈေးဆိုင်ခန်းတွေကိုလာပြီး ကြွေစေ့၊ ခရု၊ ခုံးနဲ့ဗောင်းခွံ တွေအသုံြး ပုပြီးတော့ ရောင်စုံပုတီးကုံးတွေ၊ ချစ်စဖွယ်အရုပ်တွေ၊ အိမ်အလှဆင် ပစ္စည်းတွေနဲ့ မီးဆိုင်းအမျိုး မျိုး ပြုလုပ်ရောင်းချလေ့ ရှိပါတယ်။ ရောင်းအားကတော့ စနေ၊ တနင်္ဂနွေရက်တွေမှာတော့ ငွေကျပ် ၁ဝဝဝဝ ဝန်းကျင်လောက်ရှိပြီး ကျန်ရက်တွေမှာတော့ ငွေကျပ် ၅ဝဝဝ ဝန်းကျင်ရောင်းချရပါတယ်'' ဟု ပင်လယ်ထွက် လက်မှုပစ္စည်း ပြုလုပ်ရောင်းချသူ ကိုတင်ဝင်းနိုင်က ပြောသည်။ ကြွေစေ့၊ ခရု၊ ခုံးနှင့် ဗောင်းခွံများကို အသုံးပြုကာ ရောင်စုံပုတီး၊ အိမ်အလှဆင် ပစ္စည်းများနှင့် မီးဆိုင်းများ ပြုလုပ်ရောင်းချရာတွင် ပစ္စည်း အမျိုးအစား လိုက်၍ အနည်းဆုံး ငွေကျပ် ၅ဝဝ မှ အများဆုံးငွေကျပ် ၇ဝဝဝ အထိ ဈေးနှုန်းရှိကြောင်း သိရသည်။

Read 6 times Last modified on Thursday, 07 December 2017 13:20