SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၌ မသင်္ကာသူ ၂ဝ ဦး ဖမ်းဆီးရမိ

Wednesday, 15 November 2017 13:04 font size decrease font size decrease font size increase font size increase font size

နေပြည်တော် နိုဝင်ဘာ ၁၄

 လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် ဂေါ်ဒူသာရ အနောက်ရွာနှင့် ဂေါ်ဒူသာရချောင်းဝကြား အနီးရှိ ပုစွန်ကန်များတွင် အကြမ်းဖက်သမားများ၊ တရားခံပြေးများ ခိုအောင်းနေကြောင်း သတင်းအရ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းမှ ညနေပိုင်းအထိ   တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အကြမ်းဖက်မှုများနှင့် ပတ်သက်၍ မသင်္ကာသူ ဒုညောင်ပင်ကြီး ကျေးရွာနေ မာမတ်ဟာရုံ၊  ပန်းတောပြင် အရှေ့ရွာနေ အိမန်ဘူဆိမ်း၊ မြို့သူကြီးရွာနေ မာမတ်ကော်ဘီ ၊ ပန်းတောပြင်အရှေ့ရွာနေ မော်ဇူအာလောင် ၊ ဇင်ပိုင်ညာကျေးရွာနေ မာမောက်အီနု၊ ဒုညောင်ပင်ကြီးကျေးရွာနေ အီစ္စမိုင်၊ ဒုညောင်ပင်ကြီးကျေးရွာနေ မာမောက်ယာဆိမ်း၊ ဒုညောင်ပင်ကြီးအလယ်ရွာနေ နူရ်ဟာရှိန်း၊ ခေါင်းတကာကျေးရွာနေ အာနီဆူဟက်ရ်၊ ဒုညောင်ပင်ကြီးအရှေ့ရွာနေ မာမက်နူရ်၊ ရေဖုံးပြင်ကျေးရွာနေ မာမတ်ဇူဘိုင်၊ နိုရူလ္လာကျေးရွာနေ မာမတ်နူရ်မာ၊ ပန်းတောပြင်ရွာသစ်နေ နူရ်ကာမာ၊ သရေကုန်တန်း အလယ်ရွာနေ ရော်ရှီးဒူလ္လာ၊ ရာသစ်ကေရွာနေ အဒူရာမာန်၊  ဘူးသီးတောင်မြို့နယ်နေ အဒူမာနာမ်၊ ရာသစ်ကေရွာနေ အေကရာန်၊ ဂေါ်ဒူသာရအနောက်ရွာနေ  မာမတ်တော်ယု၊ ဒုချီရားတန်းအရှေ့ရွာနေ  မာမတ်အဏ္ဏဝါ  စုစုပေါင်း ၂ဝ ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 (သတင်းစဉ်)

Read 278 times Last modified on Wednesday, 15 November 2017 13:05