SJ WorldNews - шаблон joomla Авто

KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းလေးလုံးကို တိုက်မိပေါက်ကွဲ၍ ဒေသခံပြည်သူ နှစ်ဦး ဒဏ်ရာရရှိ

Saturday, 11 November 2017 10:00 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁ဝ

ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ ကောင်လွင် ကျေးရွာနေ ဦးစိုးဆင့်သည် ၎င်းပိုင် နွားငါးကောင်အား ရှာဖွေရန် စီခမ်းကြီးကျေးရွာနေ ဦးဇော်နိုင်နှင့်အတူ နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် စီခမ်းကြီးကျေးရွာမှ နန့်လင်းပါ ကျေးရွာဘက်သို့ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် နန့်လင်းပါကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၅ဝဝ ခန့်အကွာသို့ အရောက်၌ KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် တိုက်မိုင်းလေးလုံးကို တိုက်မိပေါက်ကွဲပြီး ၎င်းတို့နှစ်ဦးလုံးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ မိုင်းထိလူနာများအား ဗန်းမော်မြို့ရှိ ပြည်သူ့ဆေးရုံကြီးသို့  ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

Read 375 times Last modified on Friday, 08 June 2018 14:29