SJ WorldNews - шаблон joomla Авто

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူတစ်ဦး မိုင်းစထိမှန် ဒဏ်ရာများ ရရှိ

Wednesday, 11 October 2017 11:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    အောက်တိုဘာ    ၁ဝ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ ဦးစိုင်းအောင်သည် အောက်တိုဘာ ၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပယင်း တူးဖော်ရန် မြေနေရာရှာဖွေစဉ် တနိုင်းမြို့နယ်၊ မိုင်ခွန်ကျေးရွာ၏ တောင်ဘက် ၂ မိုင်ခန့်အကွာသို့အရောက်၌ KIA  အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား နင်းမိ ပေါက်ကွဲသဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။ အဆိုပါမိုင်းထိလူနာအား တနိုင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။

Read 44 times Last modified on Wednesday, 11 October 2017 11:56