SJ WorldNews - шаблон joomla Авто

မသင်္ကာသူ ၁၆ ဦးအား ဖမ်းဆီးစစ်ဆေး အမှုဖွင့်အရေးယူ

Sunday, 17 September 2017 10:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော်    စက်တင်ဘာ    ၁၆

မောင်တောမြို့နယ်နယ်မြေ (၃) ကျီးကျွန်းရဲကင်းစခန်း တာဝန်ကျ လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁ဝ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် အလယ်ချောင်းအတိုင်း တောင်ဘက်မှ ကျီးကျွန်းရဲကင်း စခန်းဘက်သို့ လှော်ခတ်လာသည့် လောင်းလှေနှစ်စင်းအား ရပ်တန့်ရန် အော်ဟစ်ဟန့်တားခဲ့ရာ ဆက်လက်လှော်ခတ်နေသဖြင့် လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့၍ တားဆီး စစ်ဆေးခဲ့သည်။

လှေပေါ်ပါသူများကိုစစ်ဆေးရာ လက်နက်ငယ်ဖြင့် ခြောက်လှန့် ပစ်ခတ်စဉ် ဦးခေါင်း၊ ယာပခုံး ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေသည့် ဂုံးနားကျေးရွာနေ ဇာဟတ်တူဆောင်း (၅ဝ) နှစ် နှင့် ကျွန်းခေါင်းကျေးရွာနေ မာမွတ်ဆလာမ်(ခ) ဆီရူး ၆ဝ နှစ်ပါ အမျိုးသား လေးဦးနှင့်အတူ ဓားရှည်လေးလက်တို့ကို သိမ်းဆည်းရမိသည်။

ကျန်လှေတစ်စင်းပေါ်မှ ကျွန်းခေါင်းကျေးရွာနေ မဆန်နာဝါရာဘေဂွမ် ၄၅ နှစ်ပါ ၁၂ ဦး၊ (အမျိုးသားတစ်ဦး၊ အမျိုးသမီးသုံးဦး၊ ကလေးငယ် ရှစ်ဦး)တို့အား တွေ့ရှိထိန်းသိမ်း၍ စစ်ဆေးမေးမြန်းရာ နယ်မြေ(၅) လောင်းဒုံမှ ထွက်ပြေးလာခြင်းဖြစ်ပြီး နတ်မြစ်အားဖြတ်၍ ကျီးကျွန်း ရဲကင်းစခန်းအနီး အလယ်ချောင်း အတိုင်း ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ၁၆ ဦးအနက် မာမွတ်ဆလာမ် (ခ)ဆီရူးပါ ခြောက်ဦးအား  ယမန်နေ့က မောင်တောမြို့နယ် တရားရုံး၌ လူဝင်မှုကြီးကြပ်ရေး ဥပဒေပုဒ်မ ၆(၂)/၆(၃)ဖြင့်  တရားရုံးဦးတိုက် လျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ရာဇသတ်ကြီး အမှတ်(၃၉၃/၂ဝ၁၇)ဖြင့် လက်ခံစစ်ဆေး၍ ထောင်ဒဏ်နှစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။

ဂုံးနားကျေးရွာနေ ဇာဟတ်တူဆောင်း (၅ဝ)နှစ် သေဆုံးမှုနှင့် ပတ်သက်၍ စက်တင်ဘာ ၁၁ ရက်တွင် မောင်တောမြို့နယ် တောင်ပြိုယာ ရဲစခန်း၌ သေမှုသေခင်းအမှတ် (၅/၂ဝ၁၇)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

ကျန်အရွယ် မရောက်သေးသော နူရ်ရာမောက်အာရာဖက်ပါ ရှစ်ဦးကို မောင်တောမြို့ မြို့မ(တောင်)ရပ်ကွက်ရှိ ရပ်မိရပ်ဖ ရော်ဖီးထံသို့ လည်းကောင်း၊ ဇော်မိန်နာရာဘေဂွမ်ပါ နှစ်ဦးအား ၎င်းတို့၏ မိခင်ဖြစ်သူထံသို့လည်းကောင်း  အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။ 

Read 72 times Last modified on Sunday, 17 September 2017 10:08