SJ WorldNews - шаблон joomla Авто

ကားလမ်းဘေးရှိ လက်ပံပင်ခြောက်ကြီးကို အမြန်ရှင်းလင်း ပေးစေလို

Tuesday, 14 November 2017 10:46 Written by  font size decrease font size decrease font size increase font size increase font size

ရွှေညောင်  နိုဝင်ဘာ  ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်မြို့ ဓနသိဒ္ဓိရပ်ကွက် ပြည်ထောင်စု လမ်းမကြီးဘေး အခြေခံပညာ အထက်တန်းကျောင်းရှေ့ရှိ သက်တမ်းရင့် လက်ပံပင်ကြီးသည် ခြောက်သွေ့ဆွေးမြည့်နေပြီး အချိန်မရွေး ကျိုးကျနိုင် သည့် အန္တရာယ်ရှိ သစ်ကြီးပင်ဖြစ်နေသည်။

အဆိုပါလက်ပံပင်ကြီးမှာ အကိုင်းကြီးများ ကျိုးကျလာမည်ဆိုပါက ၎င်းအပင်အောက်မှ ဖြတ်သန်းသွားလာသူ ခရီးသွားပြည်သူများနှင့် ရပ်ကွက်နေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ ထိခိုက်အန္တရာယ် ရရှိနိုင်ပြီး အပင်အောက်ရှိ မဟာဓာတ်အားလိုင်း ပြတ်တောက်နိုင်သည့်အတွက် အဆိုပါလက်ပံပင်အိုကြီးကို  အမြန်ဖယ်ရှား ရှင်းလင်းပေးရန် ရပ်ကွက်နေပြည်သူများက  လိုလားလျက် ရှိကြောင်း သိရသည်။

Read 5 times
Rate this item
(0 votes)
Last modified on Tuesday, 14 November 2017 10:46