SJ WorldNews - шаблон joomla Авто

ဖျာပုံ တံတားကြီးအောက်ရှိ ဘိုးပိုင် အောက်ခြေတွင် စုပုံထားသော လမ်းခင်းကျောက်များကို ရှင်းလင်း ဖယ်ရှားပေးစေလို

Saturday, 11 November 2017 13:05 Written by  font size decrease font size decrease font size increase font size increase font size

ဖျာပုံ နိုဝင်ဘာ ၁ဝ

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့ရှိ ဖျာပုံတံတားကြီးကို ဖျာပုံမြစ်ကမ်းပါးမှ ဒေးဒရဲမြို့နယ် အုန်းပင်ကျေးရွာ မြစ်ကမ်းပါးအထိ ဘိုးပိုင်များကို P1 မှ P5 အထိ ဘိုးပိုင် ငါးခု စိုက်ထူ တည်ဆောက်ထားပြီး အဆိုပါ ဘိုးပိုင်များသည်  ဖျာပုံတံတားကြီး  ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အလွန်အရေးပါသည့် နေရာများဖြစ်ကြောင်း   သိရသည်။

ယခုအခါ အဆိုပါ ဘိုးပိုင်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဖျာပုံမြို့ မြစ်ကမ်းဘေး ရှိ  P1 ဘိုးပိုင်ကြီး၏   အောက်ခြေတွင် လမ်းခင်း  ဂဝံကျောက်များ ကြိတ်ခွဲစုပုံထား သည်ကို နှစ်ပေါက်၍ ကာလအတန်ကြာ တွေ့မြင်နေရပြီး ဂဝံကျောက်များကို ဘိုးပိုင်အောက်ခြေနှင့် အပေါ်ထိ စုပုံထားခြင်းမှာ ဘိုးပိုင်၏ ရေရှည် ကြံ့ခိုင်မှုကို ထိခိုက်မှုရှိ လာနိုင်သဖြင့် အဆိုပါကျောက်ပုံကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ရှင်းလင်းဖယ်ရှားပေးရန်    လိုအပ်လျက် ရှိကြောင်း သိရသည်။

'' ကျောက်တွေပုံထားတော့ ဘိုးပိုင်အောက်ခြေ ကျောက်ခုံတွေ ပွန်းပဲ့ပြီး အထဲက သံချောင်းတွေတောင်မြင်နေရတယ်။ ဘိုးပိုင်အောက်ခြေမှာ  အခုလိုကျောက်တွေ  ပုံချင်သလို လာလာပုံနေတော့ ဘိုးပိုင်အောက်ခြေကျောက်တွေ ပျက်စီးနိုင်ပါတယ်။ ဒါကြောင့် သက်ဆိုင်ရာတာဝန်ရှိသူတွေက သင့်လျော်တဲ့နေရာကို  ပြောင်းရွှေ့ပေးသင့်ပါပြီ'' ဟု အမှတ်(၁)  ရပ်ကွက်နေသူတစ်ဦးက  ပြောသည်။

ဖျာပုံတံတားကြီး ရေရှည်တည်တံ့စေရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ဘိုးပိုင်အောက် ခြေတွင်  ကျောက်များပုံခြင်း၊ အဆောက်အအုံ ဆောက်လုပ် နေထိုင်ခြင်း၊ ရေယာဉ်များ  ဆိုက်ကပ်ချည်နှောင်ခြင်း မပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။     

Read 6 times
Rate this item
(0 votes)
Last modified on Saturday, 11 November 2017 13:07